ကမ္ဘာတလွှား ပြည်တွင်းစစ်ကြောင့် ထွက်ပြေးနေရသည့် ဒုက္ခသည် ၃၈ သန်းရှိ

၂၀၁၄ ခုနှစ်ဟာ ကမ္ဘာတလွှား ကိုယ့်နိုင်ငံထဲမှာတင် ပြည်တွင်းစစ်ပြေး ဒုက္ခသည် ဖြစ်ရတဲ့ လူအရေအတွက်ဟာ ၃၈ သန်းနဲ့ စံချိန်ချိုးခဲ့ပြီး မျိုးဆက်တခုအတွင်း အဆိုးရွားဆုံး ဖြစ်ခဲ့တယ်လို့ စောင့်ကြည့်ရေးအုပ်စုတစုက မေ ၆ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒါဟာ ၂၀၁၃ ခုနှစ်က စုစုပေါင်း လူအရေအတွက်ထက် ၁၄ ရာခိုင်နှုန်း တိုးလာတာလို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက်  နိုင်ငံတကာ ပြည်တွင်း နေရာရွှေ့ပြောင်း ခံရသူများကို စောင့်ကြည့်ရေး ဌာန (အိုင်ဒီအမ်စီ) က ပြောပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ လုပ်သားသက်တမ်း ၃၅ နှစ်အတွင်း အဆိုးရွားဆုံးနှစ် ဖြစ်ပြီး လူတွေက သူတို့နိုင်ငံ နယ်စပ်တွေဆီ အတင်းရွှေ့ပြောင်းခံရတယ်လို့ နော်ဝေ ဒုက္ခသည် ကောင်စီရဲ့ အတွင်းရေးမှူးချုပ် ဂျန်အဂ်လန်းက ပြောပါတယ်။ ဒီအရေအတွက်ဟာ နိုင်ငံရပ်ခြားကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးခိုလှုံသူတွေ မပါဝင်ကြောင်း ကုလသမဂ္ဂရဲ့ ထိပ်တန်း လူသားချင်း စာနာမှု ဆိုင်ရာ အရာရှိဟောင်း တယောက်ဖြစ်တဲ့ အဂ်လန်းက နိုင်ငံပေါင်း ၆၀ က ရွှေ့ပြောင်းနေရမှုတွေကို အစီရင်စာ ထုတ်ပြန်ခဲ့တာပါ။ အီရတ်၊ တောင်ဆူဒန်၊ ဆီးရီးယား၊ ကွန်ဂိုနဲ့ နိုင်ဂျီးရီးယား ၅ နိုင်ငံမှာတော့ ၂၀၁၄ ခုနှစ်အတွင်း လူ ၁၀ ယောက်မှာ ၆ ယောက် ပြည်တွင်းမှာတင် စစ်ပြေးနေရတယ်လို့ ဆိုပါတယ်။ ဆီးရီးယားမှာ လူဦးရေ တဝက်ကျော်က ပြည်တွင်းနဲ့ ပြည်ပမှာ စစ်ပြေးဒုက္ခသည် ဖြစ်နေတာပါ။ နော်ဝေ ဒုက္ခသည် ကောင်စီရဲ့ အတွင်းရေးမှူးချုပ် ဂျန်အဂ်လန်းကတော့ “ပြောရမှာ ဘယ်လောက်တောင်ရှင်းလဲ ဆိုတော့ အမေရိကန်၊ ရုရှား၊ အီရန်၊ ဆော်ဒီအာရေဗျနဲ့ တူရကီ အစိုးရတွေက ထိုင်နေပြီး ရပ်လိုက်လို့ တချက်ကလေး အချက်ပြရမယ်။ ဒီအရေးတွေကို ဖြေရှင်းဖို့ စစ်ပွဲတွေကို ရပ်တန့်ဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ သြဇာ၊ သံတမန်နည်းလမ်း အစိုးရတွေရဲ့ နိုင်ငံရေး စီးပွားရေးနဲ့ လူမှုရေး ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်တယ်” လို့ ဂျီနီဗာက သတင်းစာရှင်းလင်းပွဲ အတွင်း ပြောခဲ့ပါတယ်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကတော့ ၂၀၁၄ ခုနှစ်အတွက် ဒုက္ခသည်စာရင်းကို ပြုစုနေဆဲဖြစ်ပြီး ၂၀၁၃ နှစ်ကုန်ပိုင်းမှာ ၁၆.၇သန်း ရှိတာကြောင့် လူဦးရေက တိုးနေတယ်လို့ ဆိုပါတယ်။ [gallery ids="91982,91981,91980,91979"]  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up