Home
မြန်မာသတင်း
ကားနောက်ဖုံးတွင် တင်လာသည့် မြန်မာများကို ထိုင်းတောင်ပိုင်းတွင် ဖမ်းမိ
DVB
·
May 7, 2015
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့နယ်ထဲမှာ  ကားနောက်ဖုံးမှာတင်လာတဲ့ တရားမ၀င် မြန်မာ ၁၀ ဦးကို ဖမ်းဆီးရမိတယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ မေလ  ၆ ရက် ညနေ ၄ နာရီကျော်လောက်က တကွာပါမြို့နယ် ဗန်မုန့်ကျေးရွာအုပ်စု ထဲမှာ မသင်္ကာဖွယ် နစ်ဆန်းအမျိုးအစား ဆလွန်းကားတစီး  ရွာအ၀င်ဂိတ်ကိုဖြတ်ပြီး  ခေါက်တုံ့ ခေါက်ပြန်သွားလာနေတာကို ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့က တွေ့ရတဲ့အတွက် သင်္ကာမကင်း ဖြစ်ပြီး အထူးလုံခြုံရေးအဖွဲ့ကို အကြောင်းကြားခဲ့ကြောင်း၊ အထူးအဖွဲ့က  စောင့်ဆိုင်းစစ်ဆေးရာ မှာ ကားနောက်ဖုံးမှာ  တရားမ၀င် ၀င်ရောက်လာသူတွေကို တွေ့ရတယ်လို့  တာဝန်ရှိသူတဦး က သတင်းထောက်ကို ပြောပါတယ်။ ဆက်လက်စစ်ဆေးချက်အရ  အဲဒီကားကို ထိုင်းလူမျိုး နိုင်းဖောဒေချ တွန့်ချေ့ ဆိုသူက ရနောင်း ဘက်ကနေ  တရားမ၀င်အလုပ်သမားတွေ တင်ဆောင် မောင်းနှင်လာတာ ဖြစ်ပြီး  စစ်ဆေးရေး ဂိတ်မှာ တာဝန်ရှိသူတွေမသိအောင် ကားနောက်ဖုံးကနေ တကြိမ်လျှင် ၂ ယောက် ၃ ယောက် ခွဲပြီးတင်ဆောင်ခဲ့ကြောင်း၊  လူကုန်မှ အားလုံးကို ကားပေါ်တစုတည်း ပြန်တင်ပြီး ခရီးဆက် သွားဖို့ ဖြစ်တယ်လို့  ယာဉ်မောင်းက ထွက်ဆိုဝင်ခံခဲ့ပါတယ်။   [caption id="attachment_91975" align="aligncenter" width="770"]ဓာတ်ပုံ - thairath ဓာတ်ပုံ - thairath[/caption] ဒီခရီးစဉ်မှာ တရားမ၀င်သူ ၁၀ ဦး ပါလာပြီး အားလုံးမြန်မာနိုင်ငံသားတွေ ဖြစ်ကာ လ၀ကဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ အထူးလုံခြုံရေးအဖွဲ့ တာဝန်ရှိသူတဦးက သတင်းထောက်တွေကို ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024