ကိုပါဖလားပြိုင်ပွဲနှင့် လွဲချော်မည့် ဘရာဇီးကစားသမား အော်စကာ

ဓာတ်ပုံ (ရိုက်တာ)
ဘရာဇီး ကွင်းလယ်သမား အော်စကာဟာ ဒဏ်ရာကြောင့် လာမယ့် ကိုပါအမေရိကား ဖလား ပြိင်ပွဲမှာ ပါဝင်နိုင်တော့မှာ မဟုတ်ဘူးလို့ နည်းပြ ဒွန်ဂါက ပြောပါတယ်။ ကွင်း လယ်သမား အော်စကာဟာ ချဲလ်ဆီးအသင်းရဲ့ လေ့ကျင့်ကွင်းမှာ ဒဏ်ရာရခဲ့တာပါ။ ဒဏ်ရာအတွက် ချဲလ်ဆီး နည်းပြနဲ့ စကားပြောဆိုခဲ့သလို အော်စကာရဲ့အကောင်းဆုံး ပုံစံတွေကို ကိုပါပွဲမှာ မြင်တွေ့ရမှာ မဟုတ်တော့ဘဲ အချိန်ယူ ကုဖို့ လိုတယ်လို့ နည်းပြ ဒွန်ဂါက ပြောပါတယ်။ ကိုပါအမေရိကား ဘောလုံးပြိုင်ပွဲကို ချီလီနိုင်ငံက အိမ်ရှင်အဖြစ် ဇွန်လထဲမှာ ကျင်းပသွားမှာပါ။ ကိုပါပြိုင်ပွဲအတွက် လူစာရင်းမှာ ဘာစီလိုနာ တိုက်စစ်မှူးနေမာ ပါဝင်သလို ဆန်းတိုစ်မှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ရော်ဘင်ညိုကိုလည်း ပြန်လည် ရွေးချယ်ထားပါတယ်။ ဒါ့အပြင် လီဗာပူးမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်သမား ကော်တင်ဟို အပါအ၀င် ပီအက်စ်ဂျီ နောက်ခံလူတွေဖြစ်တဲ့ သီယာဂို ဆေးဗား၊ ဒေးဗစ် လု့စ်ဇ်တို့ကို လည်း ရွေးချယ်ထားပါတယ်။ နည်းပြ ဒွန်ဂါကတော့ သူ့ ကစားသမားတွေ အနေနဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲက ကျရှုံးမှုတွေကို ကိုပါပြိုင်ပွဲမှာ ပြန်လည် ကုစား နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ သူဟာ ဘရာဇီးအသင်းကို ၂၀၀၇ တုန်းက ဗင်နီဇွဲ လားမှာ လုပ်တဲ့ ကိုပါဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင် ပေးထားပါတယ်။ ဘရာဇီးအသင်းဟာ ကိုပါပြိုင်ပွဲမှာ ပွဲဦးထွက်အဖြစ် ပီရူးအသင်းနဲ့ ဇွန် ၁၄ ရက်နေ့မှာ စတင်ယှဉ်ပြိုင်ရမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up