ချန်ပီယံလိဂ် ဆီမီး ပထမကျော့မှာ ရှုံးပွဲတွေ့သွားသည့် ရီးရဲလ်

မေ ၅ ရက်က ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဂျုဗင်တပ်က ရီးရဲလ်မက်ဒရစ်ကို ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အိမ်ကွင်းမှာ ကစားတဲ့ ဒီပွဲမှာ ဂျုဗီအတွက် အနိုင်ဂိုးတွေကို မော်ရတာနဲ့ တယ်ဗက်က သွင်းယူပါတယ်။ ရီးရဲလ်အတွက် ချေပဂိုး တဂိုးကို ရော်နယ်ဒိုက သွင်းယူပါတယ်။ ဒီဂိုးဟာ ရော်နယ်ဒိုအတွက် ဒီရာသီသွင်းတဲ့ ၅၄ ဂိုးမြောက် ဂိုးလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု သိပ်မကွာသလို အပြန်အလှန် ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့တာပါ။ ဂျုဗီက ဒီပွဲနိုင်လို့ ၂၀၁၃ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ဖို့ မျှော်လင့်နိုင် မှာပါ။ လက်ရှိ ချန်ပီယံ ရီးရဲလ်ကတော့ အိမ်ကွင်းမှာ ကစားမယ့် ဒုတိယအကျော့ ဆီမီးဖိုင်နယ်မှာ ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ရရင် ဗိုလ်လုပွဲကို တက်ရောက်ဖို့ မျှော်လင့်နိုင်မှာပါ။ ဒုတိယအကျော့ပွဲစကို လာမယ့် မေလ ၁၃ ရက်နေ့မှာ ဆက်လက် ယှဉ်ပြိုင်ရမှာပါ။ ဒီပွဲမှာ နှစ်သင်းစလုံးရဲ့ ကစားပုံနဲ့ပက်သက်လို့ ကျေနပ်ကြောင်း ရီးရဲလ်နည်းပြ အန်စလော့တီနဲ့ ဂျုဗီနည်းပြ အယ်ဂီရီတို့က ပွဲအပြီးမှာ ပြောဆိုသွားပါတယ်။ [gallery ids="91779,91780,91781"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up