Home
မြန်မာသတင်း
ကိုယ့်စွမ်းအင်နှင့် ကိုယ်လည်ပတ်သည့် ရှေ့ပြေးမော်တော်ဆိုင်ကယ်
DVB
·
May 5, 2015
ရွေ့လျားနေတဲ့ယာဉ်တစီးကနေ စွမ်းအင်ထုတ်ယူပြီး ဒီယာဉ်ကို ပြန်ပေးရင် ဘယ်လို နေမလဲ။ ဒီမေးခွန်းကတော့ မက္ကဆီကိုနိုင်ငံ ၀ါဟားခါးပြည်နယ်မှ ကျောင်းသားကျောင်းသူတွေက လွန်ခဲ့တဲ့ ၁ နှစ်က မေးထားတဲ့ မေးခွန်းပါ။ ဒီမေးခွန်းရဲ့ရလဒ်အဖြစ် ၁၇ နှစ်အရွယ် ဗစ်တာဂါဆီယာ ဖန်တီးတဲ့ R-Walker အမည်ရ ရှေ့ပြေးမော်တော်ဆိုင်ကယ်တစီး ထွက်ပေါ် လာခဲ့ပါတယ်။ 9.Mexican students invent eco-friendly motorbike.docx"ဒီပရောဂျက်ကတော့ မောင်းနှင်နေတုန်းမှာ ကိုယ့်စွမ်းအင်နဲ့ ကိုယ်လည်ပတ်တဲ့ ရှေ့ပြေးပုံစံပါ။ ပိုပြီး မြန်လာတာနဲ့ ခရီးပေါက်သလောက် စွမ်းအင်ကို ပိုထုတ်ပေးနိုင်လာတယ်။ ဒါဆိုရင် ဘက်ထရီကို ၆ နာရီကနေ ၈ နာရီထိ သွင်းဖို့ မလိုအပ်တော့ဘူး။" ဂါဆီယာကတော့ ဒီနည်းစဉ်ကို အလိုလိုအားဖြည့်စနစ်လို့ ခေါ်ပါတယ်။ အလျင်နဲ့အရွေ့ကို စွမ်းအင်အဖြစ် ပြောင်းပေးတဲ့ ဥပဒေသကို အခြေခံထားတာပါ။ အင်ဂျင်က ကိုယ်တိုင်စွမ်းအင် ထုတ်ပြီး ၁ မိနစ်ကို အပတ်ရေ ၂၀၀၀ အထိ လည်ပတ်ပါတော့တယ်။ အင်ဂျင်စနှိုးချိန်မှသာ ဘက်ထရီ လိုအပ်ပြီး နောက်ပိုင်းမှာတော့ လောင်ကျွမ်းပေါက်ကွဲစရာ မလိုတော့ဘဲ ကီလို ၁၁၀ အလေးချိန်ကို တင်ဆောင်ကာ ကီလိုမီတာ ၆၀ နှုန်းနဲ့ ခရီးသွားနိုင်ပါတယ်။ တွဲဖက်တီထွင်သူ ရောလ်ဂရာဂျေးလ်စ်ကတော့ ဒီ R-Walker ဆိုင်ကယ်ဟာ မော်တော်ဆိုင်ကယ် စီးနှင်းသူတွေ အတွက် အကုန်အကျများစွာ သက်သာစေသလို ပတ်ဝန်းကျင်ထိခိုက်မှုကို အများကြီး လျော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ 13.Mexican students invent eco-friendly motorbike.docx"ဒီဆိုင်ကယ်မျိုးတွေသာ စီးကြရင်တော့ တနေ့စာ သုံးရမယ့် ဘက်ထရီအလုံးရေ ၂၀၀ လောက် လျော့ချပစ်နိုင်သလို လေထုညစ်ညမ်းမှုကို ၇၀ ရာခိုင်နှုန်းလောက် လျော့ချပစ်နိုင်မှာပါ။ ဘာလို့လဲဆိုတော့ ဒီဆိုင်ကယ်က ညစ်ညမ်းဓာတ်ငွေ့ မထုတ်လွှတ်တဲ့အပြင် ဘက်ထရီသက်တမ်းကိုလည်း ၅ နှစ်ကနေ ၁၀ နှစ်ထိ ဆွဲဆန့်နိုင်မှာမို့ပါ။" သူတို့ဟာ ခုလို ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ဆိုင်ကယ်ကို ရီဆိုက်ကယ်လုပ်ထားတဲ့ ကုန်ကြမ်းတွေနဲ့ တည်ဆောက်တာမို့ ၁ စီးဈေးနှုန်းက ဒေါ်လာ ၂၀၀ ၀န်းကျင်သာ ကုန်ကျမှာပါ။ ဒီဆိုင်ကယ်က ရမယ့် အကျိုးကျေးဇူးနဲ့ ယှဉ်ရင် ဒီဈေးနှုန်းက အတော့်ကို ချိုတယ်လို့ ဆိုရမှာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024