ချန်ပီယံရှစ် ဆုဖလားနှင့် အောင်ပွဲခံသည့် ပရီးမီးယားလိဂ် တန်းတက် ဘိုးမောက်

အေဖက်စီ ဘိုးမောက်အသင်းဟာ ချန်ပီယံရှစ် ဆုဖလားကို သိမ်းပိုက်အပြီးမှာ ဆုဖလားနဲ့အတူ ဘိုးမောက်မြို့ထဲမှာ မေလ ၄ ရက်နေ့က လှည့်လည် အောင်ပွဲခံခဲ့ပါတယ်။ ဘိုးမောက်အသင်းဟာ ချန်ပီယံရှစ် ဆုဖလားကို သိမ်းပိုက်နိုင်သလို လာမယ့် ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ်ကို တန်းတက်ခွင့် ရခဲ့တာပါ။ ဒီအတွက် မြို့ခံ ပရိတ်သတ်တွေ ထောင်နဲ့ချီပြီး ဘိုးမောက်အသင်းနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။ ဘိုးမောက်ဟာ ချန်ပီယံ ရှစ်တန်း နောက်ဆုံး ပွဲစဉ်မှာ ချာလ်တန်ကို ၃ ဂိုးပြတ်နဲ့ နိုင်ပြီး ချန်ပီယံ ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၆ နှစ်လောက်ကလည်း ဘိုးမောက်အသင်းဟာ ချန်ပီယံဆုကို ရယူနိုင်ဖို့ လက်တကမ်းအကွာကို ရောက်ရှိခဲ့ ပါတယ်။ အသင်းရဲ့သမိုင်း ၁၁၆ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အောင်မြင်မှုတွေ ရယူနိုင်တာ ဖြစ်ပါတယ်။ အသက် ၃၇ နှစ် နည်းပြ အက်ဒီ ဟိုဝီရဲ့ ဘိုးမောက်အသင်းဟာ မန်ယူနဲ့ ချဲလ်ဆီးလိုပဲ ပရိတ်သတ်တွေ ကို ဖျော်ဖြေမှု ပေးနိုင်တဲ့အသင်းအဖြစ်လည်း ချန်ပီယံရှစ်တန်းမှာ လူသိများပါတယ်။ ဓာတ်ပုံ- အေဖက်စီ ဘိုးမောက် ဖေ့ဘွတ်ခ် [gallery ids="91712,91713,91714,91715,91716"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up