Live
Home
မြန်မာသတင်း
အိမ်ခန်းတိုင်းအတွက် စွမ်းအင်အခမဲ့ပေးနိုင်သည့် e-Radiator
DVB
·
May 4, 2015
အိမ်ခန်းတိုင်းအတွက် စွမ်းအင်အခမဲ့ပေးနိုင်တဲ့ e-Radiator မှာ ထူးထွေဆန်းပြားတာမရှိဘူးလို့ တီထွင်သူတွေက အခိုင်အမာဆိုပါတယ်။ ဒါကတော့ အိမ်တွေမှာတပ်ဆင်နိုင်တဲ့ နှစ်မျိုးသုံး ကွန်ပြူတာဆာဗာဖြစ်ပါတယ်။ ကွန်ပြူတာသုံးစွဲတဲ့ကုမ္ပဏီတွေအတွက် ကွန်ပျူတာထားစရာ နေရာ မလိုအပ်တော့ဘဲ သူတို့ရဲ့ဆာဗာတွေကို အခမဲ့ထားသိုနိုင်မယ့်နေရာရလာမှာဖြစ်သလို ကွန်ပြူတာအလုပ်လုပ်ရာကထွက်လာတဲ့ အပူဓာတ်က အခန်းကိုနွေးထွေးစေနိုင်ပါတယ်။ ဘိုဝါလု(ပ်)ဟာ ဒတ်ခ်ျရှေ့ဆောင်ကုမ္ပဏီ နာဒယ်လိုက်ဇ်ရဲ့ အမူဆောင်အရာရှိချုပ်ဖြစ်ပါတယ်။ 18.Free home heating offered by e-Radiators"လူတွေရမယ့်အကျိုးကျေးဇူးကရိုးရိုးလေးပါ။ ဆာဗာကသုံးလိုက်တဲ့ လျှပ်စစ်ဓာတ်အားခကိုလည်း ကျွန်တော်တို့ကပြန်ထုတ်ပေးတယ်။ ဒါကလည်း တစ်ဖက်မှာ ကွန်ပြူတာသုံးစွဲသူ ဖောက်သည် တွေကြောင့် ခုလိုလုပ်နိုင်တာပါ။ အိမ်ပိုင်ရှင်တွေအနေနဲ့လည်း အပူစွမ်းအင်ကို အခမဲ့ရမှာ ဖြစ်သလို ကွန်ပြူတာသုံးသူတွေကလည်း ထားစရာနေရာအတွက် ကုန်ကျစရိတ်ပေးစရာ မလိုတော့ဘူး။  ဒါက နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့အခြေအနေပဲ။" စွမ်းအင်ကုမ္ပဏီအန်နီကိုနဲ့ ပူးတွဲလုပ်ဆောင်နေတဲ့ နာဒယ်လိုက်ဇ်ကုမ္ပဏီဟာ နယူးပို့တ်က အိမ် ငါးလုံးမှာ e-Radiator တွေတပ်ဆင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီစီမံချက်ကို တိုးချဲ့သင့်မတိုးချဲ့သင့်ချိန်ညှိဖို့ အတွက် အပူအလုံအလောက်ထုတ်နိုင်မထုတ်နိုင်ဆိုတာသိရဖို့ စက်တစ်လုံးချင်းစီကို စောင့်ကြည့် နေမှာဖြစ်ပါတယ်။ အချက်အလက်ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ဆာဗာတွေကို အအေးခံရာမှာ အပိုဆောင်းစွမ်းအင်သုံးဖို့မလိုတော့တာမို့ နောက်ထပ်ကုန်ကျစရိတ်ပါ ချွေတာသွားနိုင်ပါတယ်။ ပတ်ဝန်းကျင်နဲ့လည်းသဟဇာတဖြစ်တယ်လို့ လု(ပ်)က ဆိုပါတယ်။ 22.Free home heating offered by e-Radiators"ကွန်ပျူတာကွန်ယက်ဆောက်ဖို့မလိုတော့ဘူး။ ဒီတော့ အဆောက်အဦကုန်ကျစရိတ် အများကြီး ချွေတာနိုင်တယ်။ လေအေးပေးစက်လည်း မလိုတော့ဘူး။ ပတ်ဝန်းကျင်အတွက် အကျိုးရှိတယ်။ ကိုယ်သုံးနေတဲ့ကီလိုဝပ်နာရီကို နှစ်ဆသုံးနိုင်တယ်။ အိမ်တွေကို အပူပေးနိုင်သလို အအေးပေးစက် မလိုဘဲ ဖောက်သည်တွေရဲ့အလုပ်ကို တွက်ချက်ပေးနိုင်တယ်။" အပူထိန်းကိရိယာပျက်သွားတာကြောင့် နာဒယ်လိုက်ရဲ့အလုပ်သမားတစ်ဦးက အပူဓာတ်ရနိုင် အောင် လက်ပ်တော့ကွန်ပျူတာပေါ်ကို မတ်တပ်ရပ်လိုက်ချိန်မှာ ဒီအကြံကို ရရှိခဲ့တာဖြစ်ပါတယ်။ ကိုယ့်ရဲ့အိမ်နံရံပေါ်မှာ လုပ်ငန်းသုံးဆာဗာတစ်လုံးတပ်ထားတာကို ဘယ်သူကမှ နှစ်သက်မှာ မဟုတ်ပေမယ့် အခမဲ့အပူဓာတ်ရရှိခြင်းရဲ့အကျိုးကျေးဇူးကို ဖောက်သည်တွေ လက်ခံလာအောင် လုပ်ဆောင်နိုင်မယ်လို့ နာဒယ်လိုက်ဇ်က မျှော်လင့်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024