ပင်နယ်တီကန်ခွင့် ရုတ်သိမ်းခံရသည့် ဗန်ပါစီ

ဓာတ်ပုံ (ရိုက်တာ)
အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ လူးဝစ် ဗန်ဂါးက တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီကို ပင်နယ်တီ ကန်ခွင့် တာဝန်ပေးထားတာကို ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။ မေ ၂ ရက်  ၀က်စ်ဘရောင်းနဲ့ ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တိုက်စစ်မှူး ဗန်ပါစီ သွင်းတဲ့ ပင်နယ်တီ ကန်ချက် လွဲချော်အပြီးမှာ အခုလို ကန်ခွင့် ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ မန်ယူဟာ အဲဒီပွဲစဉ်မှာ ၀က်စ်ဘရောင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဗန်ပါစီအနေနဲ့ ပင်နယ်တီ ကန်မယ့် ထိပ်ဆုံးက ဦးစားပေးစာရင်းမှာ မပါတော့ဘူးလို့ နည်းပြ ဗန်ဂါးက ပြောဆို သွားပါတယ်။

More News
Up