မေ၀ယ်သာနှင့် ပတ်ကွီရို လက်ဝှေ့ပွဲ ၇-၁၂ ချီ

၇ချီမြောက်မှာတော့ ပတ်ကွီရိုရဲ့ ထိုးချက်တချို့ မေ၀ယ်သာကို ထိခဲ့ပါတယ်။ ၈ ချီမြောက်မှာလည်း ပတ်ကွီရိုရဲ့ လက်သီးချက် ၂ ချက် မေ၀ယ်သာ ထိမှန်ခဲ့သလို မေ၀ယ်သာရဲ့ ထိုးချက်ကလည်း ပတ်ကွီရိုကို ထိခဲ့ပါတယ်။ ၉ ချီမြောက်မှာ တဦးနဲ့ တဦးအပြန်အလှန် ထိုးသတ်ခဲ့ပါတယ်။ ပတ်ကွီရို ဒီတချီမှာ အနည်းငယ် လောနေပုံပေါက်ပါတယ်။ ၁၀ ချီမြောက်မှာ မေ၀ယ်သာရဲ့ လက်သီးချက် ပတ်ကွီရိုကို ထိမှန်ခဲ့ပါတယ်။ ဒီနောက်မှာတော့ တဦးနဲ့ တဦး ထိထိမိမိ မထိုးနိုင်ခဲ့ပါဘူး။ ၁၁ ချီမြောက်စအစမှာ မေ၀ယ်သာ လိုက်ထိုးလာတာကို တွေ့ရပါတယ်။ပတ်ကွီရို အရင်ကလောက် လိုက်မထိုးဘဲ ချက်ကောင်းကို စောင့်နေပါတယ်။ မေ၀ယ်သာ ထိုးချက် ၂ ချက် ပတ်ကွီရိုကို ထိမှန်ခဲ့ပါတယ်။ နောက်ဆုံးအချီမှာတော့ တဦးနဲ့ တဦး ထိန်းထိုးသတ်တာတွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up