မေ၀ယ်သာနှင့် ပတ်ကွီရို လက်ဝှေ့ပွဲ ပထမ ၆ချီ

သက်ဆိုင်ရာ လက်ဝှေ့သမားတွေ ကိုယ်စားပြုနိုင်ငံတော် သီချင်းဆိုအပြီးမှာတော့ ဖိလစ်ပိုင် လက်ဝှေ့သမား ပတ်ကွီရိုကို စင်ပေါ်ကိုဖိတ်ခေါ်လိုက်ပါတယ်။ ဒီအချိန်မှာ ပတ်ကွီရိုကိုယ်တိုင် ဖိလစ်ပိုင် ဘာသာနဲ့ သီဆိုထားတဲ့ သီချင်းနောက်ခံနဲ့ ကြိုးဝိုင်းကို ရောက်လာပါတယ်။ ဒီနောက်မှာတော့ မေ၀ယ်သာကို ဖိတ်ခေါ်လိုက်တဲ့ အချိန်မှာတော့ ရက်ပ်သီချင်းနောက်ခံနဲ့ ကြိုးဝိုင်းထဲကို ရောက်လာပါတယ်။ ပတ်ကွီရိုက အနီဒေါင့်ကနေ ထိုးသတ်သလို မေ၀ယ်သာကတော့ အပြာဒေါင့်ကနေ နေရာယူပါတယ်။ ပတ်ကွီရိုနဲ့ မေ၀ယ်သာတို့ကို ပရိတ်သတ်နဲ့ မိတ်ဆက်ပေးပြီး စတင် ထိုးသတ်ပါတယ်။ ပထမအချီ ဖြစ်တာနဲ့ အညီ တဦးနဲ့တဦး ချက်ကောင်းစောင့်ပြီး ထိုးသတ်ကြတဲ့ အတွက် ပွဲကအနည်းငယ် အေးသလို ဖြစ်ခဲ့ပါတယ်။ ပထမအချီ ပြီးခါနီးမှာတော့ မေ၀ယ်သာ ဒေါင့်ထဲမှာ ပိတ်မိသလို ဖြစ်ခဲ့ပေမယ့် ပွဲကို အဆုံးသတ်သွားလိုက်ပါတယ်။ ဒုတိယအချီမှာတော့ ပတ်ကွီရိုက မြန်နှုန်းတင်ပြီး လိုက်ထိုးခဲ့ပါတယ်။ မေ၀ယ်သာက ထောက်လက်သီးတွေ အသုံးပြုခဲ့ပြီး အရှည်တွေကို အများဆုံး အသုံးပြုခဲ့ပါတယ်။ ၂ ဦးစလုံးက မြန်မြန်ဆန်ဆန် ထိုးသတ်ခဲ့တာကိုတွေ့ရပါတယ်။ တတိယအချီမှာတော့ ပတ်ကွီရိုက လိုက်ထိုးခဲ့ပေမယ့် မေ၀ယ်သာက ခံစစ်ကို အသုံးပြု ထိုးသတ်ခဲ့ပါတယ်။ ပတ်ကွီရိုက ပူးဖို့ ကြိုးစားတာကို မေ၀ယ်သာက အပူးမခံပါဘူး။ မေ၀ယ်သာက ခါးအောက်ကို ထိုးသတ်ခဲ့ပါတယ်။ တယောက်နဲ့ တယောက် ထိထိမိမိ ထိုးနိုင်ခဲ့ခြင်း မရှိပါဘူး။ စတုတ္ထအချီမှာတော့ မေ၀ယ်သာက ဒေါင်ထဲကို ခေါ်ပြီး ထိုးဖို့ကြိုးစားပါတယ်။ ပတ်ကွီရိုက အတင်း လိုက်ထိုးသတ်ရာမှာတော့ မေ၀ယ်သာကို တချက်ထိသွားပါတယ်။ ဒီထိချက်ကြောင့် မေ၀ယ်သာက လက်နဲ့ ကာထားတာကို ပတ်ကွီရိုက ဖိထိုးခဲ့ပါတယ်။ ပဉ္စမအချီအစမှာတော့ မေ၀ယ်သာက ပြန်တိုက်စစ်ဆင် ထိုးသတ်ခဲ့ပါတယ်။ ပတ်ကွီရိုဒီအချီမှာ လက်သီးချက် အနည်းငယ်ထိခဲ့ပါတယ်။ ၆ ချီ မြောက်မှာလည်း ပတ်ကွီရိုက အတင်းလိုက်ထိုးသတ်ခဲ့ပါတယ်။ ဒီတချီမှာတော့ တဦးနဲ့ တဦး အနည်းငယ်စောင့်ထိုးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up