Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် လူသေအလောင်းများ အစုလိုက်မြှုပ်ထားမှု တွေ့ရှိ
DVB
·
May 1, 2015
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ရွှေ့ပြောင်းဝင်လာသူတွေလို့ ယူဆရသူတွေရဲ့ အလောင်း ၃၀ လောက် မြှုပ်ထားရာ နေရာတခုကို ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရှာဖွေတွေ့ရှိတယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်နဲ့ သည်နေရှင်း သတင်းစာတွေမှာ ဖော်ပြပါတယ်။ ထိုင်းနဲ့ မလေးရှား နယ်စပ်အနီး  ဆောင်ခလာခရိုင် ဆဒါအိုမြို့နယ်ထဲက  လူကုန်ကူး သမားတွေ ဖြတ်သန်းသွားလာ စခန်းချတဲ့ လမ်းကြောင်းပေါ်က တောတွင်း စခန်းနေရာမှာ အလောင်းတွေ  တွေ့တာလို့ ဆိုပါတယ်။ စွန့်ပစ်ထားတဲ့ တောင်ပေါ်တောတွင်းစခန်းနေရာတခုအနီး မြှုပ်ထားတဲ့ လူသေအလောင်း ၃၀ ကျော် မေလ ၁ ရက်နေ့က ရှာတွေ့တာဖြစ်ပြီး နောက်ထပ် အလောင်း ၂၀ လောက် ရှာတွေ့နိုင်သေးတယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ကယ်ဆယ်ရေးလုပ်သားတဦးကလည်း အလောင်းတွေမြှုပ်ထားတဲ့နေရာ ၃၂ ခုရှိပြီး လက်ရှိ အလောင်း ၄ လောင်းကို တူးဖော်ယူပြီး ခွဲစိတ်စစ်ဆေးဖို့ ဆေးရုံကို ပို့ထားတယ်လို့ ပြောပါတယ်။ သေဆုံးသူတွေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေဖြစ်နို င်တယ်လို့  သံသယရှိပြီး သူတို့ဟာ  မလေးရှားကို ခိုးဝင်ဖို့ လူကုန်ကူးသူတွေကို ငွေပေးဖို့ စောင့်နေစဉ် အစာရေစာပြတ်တာ ဒါမှမဟုတ် ရောဂါကြောင့် သေဆုံးတာဖြစ်နိုင်တယ်လို့  ဘန်ကောက်ပို့စ်သတင်းမှာရေးပါတယ်။ အလောင်းတချို့က မြေမြုပ်သင်္ဂြိုဟ်ထားပြီး တချို့ကိုတော့ အ၀တ်တွေစောင်တွေနဲ့ အုပ်ထားတယ်လို့  ဆောင်ခလာ ရဲအရာရှိက အေပီသတင်းဌာနကို ပြောတယ်လို့ လည်း ထိုင်းသတင်းတွေမှာ ရေးသားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024