ကိုလံဘီယာထောက်လှမ်းရေးချုပ်ဟောင်းကို ထောင်ဒဏ် ၁၄ နှစ်ချမှတ်

မာရီယာ ဒယ်လ် ပီလာ ဟွတ်တာဒို - ရိုက်တာ
ကိုလံဘီယာ ထောက်လှမ်းရေးချုပ်ဟောင်းကို နိုင်ငံရေးအတိုက်အခံ ခေါင်းဆောင်တွေ၊ တရားသူကြီးတွေနဲ့ သတင်းထောက်တွေကို တရားမ၀င် ကြားဖြတ် ထောက်လှမ်းမှုစွဲချက်တွေနဲ့ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က ထောင်ဒဏ် ၁၄ နှစ်ချခံရပါတယ်။ အသက် ၅၁ နှစ်အရွယ် ထောက်လှမ်းရေးမှူးချုပ်ဟောင်း မာရီယာ ဒယ်လ် ပီလာ ဟွတ်တာဒို (Maria del Pilar Hurtado) ဟာ ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တွေမှာ သမ္မတ အယ်လ်ဗာရို ဥရီဘယ် (Alvaro Uribe) ရဲ့ အတိုက်အခံတွေကို လျှို့ဝှက်စုံစမ်းမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလက စစ်ဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဘာနာဒို မိုရီနို (Bernardo Moreno) လည်း နေအိမ် အကျယ်ချုပ် ၈ နှစ်ချခံရပါတယ်။ သမ္မတ ဥရီဘယ် သက်တမ်းကုန်ပြီး ရာထူးက ဆင်းခဲ့အပြီးမှာ ဒီကြားဖြတ် စုံစမ်းထောက်လှမ်းမှုတွေ လူသိထင်ရှားဖြစ်လာချိန် ၂၀၁၀ ခုနှစ်မှာ ပနားမားနိုင်ငံမှာ သွားရောက် ခိုလှုံခဲ့ပါတယ်။ ဒီစွပ်စွဲမှုတွေကို ပြန်ဖျက်သိမ်းခဲ့တဲ့ အတွက် အခုနှစ် ဇန်န၀ါရီလမှာ ကိုလံဘီယာနိုင်ငံကို ပြန်လာခဲ့ပြီး အခုလို စစ်ဆေးအရေးယူခံရတာပါ။ လက်ရှိ အတိုက်အခံ လက်ယာပါတီခေါင်းဆောင်အဖြစ် နိုင်ငံရေးဆက်လုပ်နေတဲ့ သမ္မတဟောင်းဥ၀ရီဘယ်ကတော့ အတိုက်အခံတွေအပေါ် တရားမ၀င် လျှို့ဝှက် ထောက်လှမ်းမှုတွေကို မသိရှိခဲ့ဘူးလို့ ငြင်းဆန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up