အပျက်အစီးများကြား ၅ ရက်ကြာပိတ်မိနေသည့် နီပေါလူငယ်ကို ကယ်တင်

နီပေါမှာ အားပြင်းတဲ့ ငလျင်လှုပ်အပြီး ၅ ရက်အကြာအထိ အပျက်အစီးတွေ အောက်မှာ ပိတ်မိနေတဲ့ ဆယ်ကျော်သက်လူငယ်တဦးကို ဧပြီ ၃၀ ရက်နေ့က အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။ လာမာ ဆိုတဲ့ လူငယ်လေးဟာ အိမ်အမိုး အပြိုအပျက်တွေကြား လှုပ်ရှားသွားလာလို့ ရတဲ့ အနေအထားမျိုးနဲ့ပိတ်မိနေခဲ့တာလို့ နီပေါရဲတပ်ဖွဲ့က ပြောပါတယ်။ လာမာကို ကယ်ထုတ်ဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေဟာ သံထည်ပစ္စည်းတွေကို တူးဖော် ဖြတ်တောက်ခဲ့ရပါတယ်။ ငါးရက်ကြာ ပိတ်နေခဲ့ပေမယ့်  အပျက်အစီးတွေ အောက်က ပြန်ထွက်လာတယ်ဆိုရင်ပဲ ကောင်လေးက သူ့နာမည်ကို ပြောနိုင်သလို၊ အဆောက်အဦရဲ့ အခြေအနေကို ပြောပြနိုင်သေးကြောင်း၊ အားလုံး အခြေအနေကောင်းတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ဘက်စနက်က ပြောပါတယ်။ လာမာဟာ ၁၄၄ နာရီ ကြာအောင် ပိတ်မိနေခဲ့တာဖြစ်လို့ သူ့ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်တာဟာ ကမ္ဘာမှာ ထူးထူးခြားခြား အဖြစ်အပျက်တခုပါပဲလို့ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။ နီပေါမှာ နှစ်ပေါင်း ၈၀ ကျော် အတွင်း အဆိုးရွားဆုံး ငလျင်ကြောင့် သေဆုံးသူ ဦးရေဟာ ဧပြီ ၃၀ ရက်နေ့မှာ  ၅၅၀၀ အထိ တိုးသွားပြီး မိုးတွေလည်း ရွာနေတာကြောင့် ရှာဖွေ ကယ်ဆယ်ရေးမှာ ခက်ခဲကြန့်ကြာနေပါတယ်။ လာမာလို ပိတ်မိနေသူတွေကို အသက်ရှင်လျက် ပြန်တွေ့နိုင်ဖို့ အခွင့်အရေးက အလွန် နည်းပါးနေပြီလို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ဓာတ်ပုံ - ရိုက်တာ [gallery ids="91137,91138,91139,91140,91141,91142"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up