အင်ဒိုနီးရှားတွင် ကွပ်မျက်ခံ နိုင်ငံခြားသား ရုပ်အလောင်းများကို ပြန်သယ်

အင်ဒိုနီးရှားနိုင်ငံ နူစာကမ်ဘန်ဂန်ကျွန်း အကျဉ်းထောင်မှာ သေဒဏ်ပေးကွပ်မျက် ခံလိုက်ရသူတွေရဲ့ ရုပ်အလောင်းတွေကို တင်ဆောင်ထားတဲ့ လူနာတင်ယာဉ်တွေဟာ ဧပြီ ၂၉ ရက်က ထောင်ကနေ ပြန်လည် သယ်ဆောင်သွားပါတယ်။ သေဒဏ်ပေးကွပ်မျက်ခံရသူ ၈ ယောက်ထဲမှာ သြစတြေးလျ၊၊ နိုင်ဂျီးရီးယား၊ ဘရာဇီးလ်၊ အင်ဒိုနီးရှားနိုင်ငံသားတွေ ပါဝင်ပါတယ်။ တချို့အလောင်းတွေကို မီးသင်္ဂြိုဟ်စက်ကို ပို့မှာ ဖြစ်ပြီး၊ တချို့ကိုတော့ ဂျကာတာကနေ တဆင့် သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့မှာ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံသား ၂ ယောက် အခုလို သေဒဏ်ပေးခံလိုက်ရတဲ့အတွက် သြစတြေးလျ ၀န်ကြီးချုပ် တိုနီ အဘော့က အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီးကို ပြန်ခေါ်လိုက်ပါတယ်။ ဘရာဇီးလ်နိုင်ငံကလည်း အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီးကို ပြန်ခန့်ဖို့ အစီအစဉ် မရှိဘူးလို့ တုံ့ပြန်ပါတယ်။ အရင်က ဘရာဇီးနိုင်ငံသားတယောက်ကို အခုလိုပဲ မူးယစ်အမှုနဲ့ သေဒဏ်ပေး ပြီးကတည်းက ဘရာဇီးက သံအမတ်ကြီးကို ပြန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ [gallery ids="90877,90878,90879"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up