ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်တွင် မိုချင်ဂလတ်ဘတ်က ၀ု့စ်ဘာတ်ကို အနိုင်ရ

ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ မိုချင်ဂလတ်ဘတ်က ၀ု့စ်ဘာတ်ကို ၁ ဂိုးတည်းနဲ့ ကပ်ပြီး အနိုင်ရသွားပါတယ်။ Wolfsburg Lostဒီပွဲမှာ နှစ်သင်းစလုံး ခြေစွမ်း မကွာလို့ အကြိတ်အနယ် ရှိခဲ့ပါတယ်။ အိမ်ရှင် မိုချင်ဂလတ်ဘတ်အတွက် တလုံးသော အနိုင်ဂိုးကို မိနစ် ၉၀ မှာ  သွင်းယူတာ ဖြစ်ပါတယ်။ ဒီပွဲ ရှုံးလို့ ၀ု့စ်ဘာတ်ဟာ အမှတ်ပေးဇယားထိပ်က ဘိုင်ယန်မြူးနစ်နဲ့ ၁၅ မှတ်အကွာကို ရောက်ရှိသွားပါတယ်။ ဒါကြောင့် ဘိုင်ယန်မြူးနစ်က လက်ကျန်ပွဲ ၄ ပွဲ ကျန်တဲ့အချိန်မှာ ၀ု့စ်ဘာတ်ကို အမှတ်ဖြတ်ပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။ လောလောဆယ် အမှတ်ပေးဇယားမှာ ၀ု့စ်ဘာတ်က ၆၁ မှတ်နဲ့ အဆင့်  ၂ နေရာမှာ ရပ်တည်နေပြီး မိုချင်ဂလတ်ဘတ်က ၅၇ မှတ်နဲ့ အဆင့် ၃ မှာ ရှိနေပါတယ်။

More News
Up