ရီရဲလ်မက်ဒရစ်က ကမ္ဘာပေါ်တွင် အကောင်းဆုံးအသင်းဖြစ်ကြောင်း တိုက်စစ်မှူး ဟာနန်ဒက် ပြော

ရီရဲလ်မက်ဒရစ်က ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်း ဖြစ်တယ်လို့ တိုက်စစ်မှူး ဂျေဗီယာ ဟာနန်ဒက်က ပြောဆိုလိုက်ပါတယ်။ တိုက်စစ်မှူး ဟာနန်ဒက်ဟာ ဒီနှစ်ရာသီမှာ မန်ယူကနေ ရီရဲလ်ကို အငှားနဲ့ လာရောက် ကစားနေတာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် မက္ကဆီကို တိုက်စစ်မှူးဟာ ရီရဲလ်အတွက် နောက်ဆုံး ကစားပေးတဲ့ ၂ ပွဲမှာ ၃ ဂိုး သွင်းထားပါတယ်။ “ရီရဲလ်မှာ ရေရှည် ကစားရမလား ဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းနဲ့အတူ မိနစ်ပေါင်းများစွာကို ဖြတ်သန်းပြီး ကစားချင်ပါတယ်”လို့ ဟာနန်ဒက်က ပြောပါတယ်။ လောလောဆယ် ရီရဲလ်အသင်းမှာ တိုက်စစ်မှူး ဘန်ဇီမာနဲ့ ဂါရတ် ဘေးတို့ ဒဏ်ရာရှိနေလို့ ဟာနန်ဒက်ဟာ ပွဲထွက် ကစားခွင့် ရနေပါတယ်။ ရီရဲလ်က သူ့ကို အငှားနဲ့ခေါ်ထားပေမယ့်လည်း ရာသီအကုန်မှာ ၀ယ်ယူနိုင်တဲ့ အခွင့်အရေးပါ ရရှိထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up