Home
မြန်မာသတင်း
ခန္ဓာကိုယ်ပြင်ပတွင် လူ့နှလုံးဆဲလ်များကို လှုပ်ရှားစေနိုင်သည့် နှလုံးသားချပ်စ်ပြားစနစ် တီထွင်
DVB
·
April 27, 2015
ဇီဝအင်ဂျင်နီယာတွေက ပထမဆုံးအကြိမ်အဖြစ် လူ့ခန္ဓာကိုယ်ပြင်ပမှာ လူ့နှလုံးဆဲလ်တွေကို လှုပ်ရှားစေနိုင်တဲ့ စနစ်တခုကို ကယ်လီဖိုးနီးယားပြည်နယ် ဘာကလေတက္ကသိုလ်မှာ တီထွင်ခဲ့ကြပါတယ်။ 7.Heart chip beats towards better drug screening personalized medicineဇီဝအင်ဂျင်နီယာပါမောက္ခ ကယ်ဗင်ဟီလီ ကတော့ ဒီကိရိယာကို ချပ်စ်ပြားပေါ်က နှလုံးလို့ အမည်ပေးထားပါတယ်။ ဒီကိရိယာကို အိုင်ပီအက်စ် ပင်မဆဲလ်ကနေ ထုတ်ယူထားတဲ့ ဆဲလ်လွှာတွေနဲ့ တည်ဆောက်ထားတာပါ။ ဒီဆဲလ်လွှာတွေကို ဆီလီကွန်ချပ်စ်ပြားပေါ်မှာ တင်ထားတာ ဖြစ်ပါတယ်။ ဒီဆဲလ်တွေ ဆက်တိုက်ခုန်နေအောင် လူ့ဆံခြည်ထက် ပါးလွှာတဲ့ အဏုဇီဝအရည်စီးကြောင်းတွေနဲ့ အာဟာရ ပြုပေးထားပြီး ဒီစီးကြောင်းတွေက စမ်းသပ်မယ့်ဆေးဝါးတွေ ဆဲလ်တွေဆီ အရောက်ပို့ ပေးပါတယ်။ "ဒါတွေက တကယ့်သွေးတွေအတိုင်း တုပထားတဲ့ သွေးကြောတုတွေပါ။ အရည်တွေက ဒီတစ်ရှုးကို ဖြတ်ပြီး ဆေးဝါးတွေ အုပ်ပြီးသား ဖြစ်သွားတယ်၊ ကဖိန်းဓာတ်သွင်းပေးလိုက်တာနဲ့ ချစ်ပ်ပြားပေါ်ကနှလုံးက ခုန်နှုန်းတက်လာတယ်။ အဒရီနယ်လင် သွင်းပေးလိုက်ရင်လည်း ခုန်နှုန်း တက်လာတာပဲ။"လို့ သုတေသနကို ဦးဆောင်နေတဲ့ သိပ္ပံပညာရှင်တွေထဲက တဦးက ဆိုပါတယ်။ လူ့ရဲ့ ဇီဝကမ္မဗေဒကို တုပထားတာမို့ ဒီကိရိယာက ဆေးဝါးဖွံ့ဖြိုးမှုအတွက် သစ်ဆန်းပြီး အားကောင်းတဲ့ လက်နက်တခုပဲလို့ သူက ဆိုပါတယ်။ သိပ္ပံပညာရှင်တွေဟာ ဒီဆဲလ်တွေပေါ်မှာ ဆေးဝါးအမျိုးမျိုးရဲ့သက်ရောက်မှုကို သရုပ်ခွဲ နိုင်ကြပါတယ်။ ခုလောလောဆယ်မှာတော့ ဆေးဝါးကုမ္ပဏီတွေဟာ တိရစ္ဆာန်တွေနဲ့ ဆေးဝါးသစ်တွေ စမ်းသပ်ရာမှာ ဘီလျံချီပြီး အကုန်အကျခံနေကြပါတယ်။ ဒါပေမယ့် ဒီဆေးသစ်တွေဟာ လူသားတွေမှာ အဆိပ်သင့်မှု ဖြစ်စေသလားဆိုတာ ခန့်မှန်းရာမှာ လွဲတဲ့အကြိမ်က ပိုများနေပါတယ်။ 10.Heart chip beats towards better drug screening personalized medicineဒီနှလုံးသားချပ်စ်ပြားကတော့ ဆေးဝါးသစ်စမ်းသပ်ရာ မှာ  တော်လှန် ပြောင်းလဲနိုင်ရုံသာမက လူတွေမှာ ဖြစ်တဲ့ရောဂါတွေအတွက် ဆေးဝါးတွေ စမ်းသပ်ရာမှာ လူ့ဆဲလ်တွေ သုံးပြီး စမ်းသပ်နိုင်တဲ့ အဆင့်ထိ မြှင့်တင်နိုင်တဲ့ လက်နက်တခု ဖြစ်လာတော့မှာပါ။ ဒီသုတေသနက ကနဦးအဆင့်ပဲ ရှိသေးပေမယ့် ကြီးမားတဲ့ အလားအလာရှိတယ်လို့ ဟီလီက ဆိုပါတယ်။ ဟီလီကတော့ တနေ့မှာ ဒီကိရိယာတွေဟာ လူနာရဲ့ဆဲလ်ကို သုံးပြီး လိုက်ဖက်မယ့်ကုထုံးကို ထုတ်ပေးနိုင်မယ့် လက်နက်တွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ခုတော့ အနာရုဂ်မာသာဟာ သူ့ရဲ့အောင်မြင်မှုအပေါ် ကျေနပ်နေသလို အောင်မြင်မှုရစက အိပ်ပျက်ခဲ့ရတဲ့ညနေကို သတိရနေပါတယ်။ "ဘာကြောင့်မအောင်မြင်ရတာလဲဆိုပြီး ၀မ်းနည်းခဲ့ရတဲ့နေ့တွေလည်း ရှိခဲ့ပါတယ်။ အိပ်လို့လည်း မရ၊ ရပြန်တော့လည်း ဒီနှလုံးဆဲလ်တွေနဲ့ ကိရိယာတွေက အိပ်မက်ထဲ ရောက်နေပြန်ရော။" ဒါပေမယ့် ဒီအိပ်မက်တွေဟာ နောက်ဆုံးတော့ တကယ်ဖြစ်လာခဲ့ပြီး ဆေးပညာရပ်မှာ လက်နက်ဆန်းတခုကို ဖန်တီးနိုင်ခဲ့ပြီပဲ ဖြစ်ပါတော့တယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024