ရီးရဲလ် အဝေးကွင်းတွင် ဆဲလ်တာဗီဂိုအသင်းကို အနိုင်ရ

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့က စပိန်လာလီဂါ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က အဝေးကွင်းမှာ ဆဲလ်တာဗီဂိုအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ GettyImages-471260680.0ရီးရဲလ်အတွက် အနိုင်ဂိုးတွေကို ကာရူးစ်၊ ရောဒီဂတ်ဇ်နဲ့ ဟာနန်ဒက်က ၂ ဂိုး သွင်းယူပါတယ်။ မန်ယူကနေ အဌားချထားတဲ့ တိုက်စစ်မှူး ဟာနန်ဒက်ဇ်ဟာ ရီးရဲလ်အတွက် ၂၄ ပွဲ ကစားထားပြီး ၅ ဂိုး သွင်းပေးထားပါတယ်။ ဒီပွဲမှာ အိမ်ရှင် ဆဲလ်တာဗီဂိုအသင်းဟာ ဘောလုံးကိုင် ကစားသွားပြီး ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့တာပါ။ ဒီပွဲအနိုင်ရလို့ ရီးရဲလ်မက်ဒရစ်ဟာ ၇၉  မှတ်နဲ့  အမှတ်ပေးဇယားကို ၈၁ မှတ်နဲ့ ဦးဆောင်နေတဲ့ ဘာစီလိုနာရဲ့ နောက် ၂ မှတ် အကွာကနေ ချန်ပီယံဆုအတွက် ဖိအားပေးနေဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up