တနှစ်တာ အကောင်းဆုံး ကစားသမားဆု ချဲလ်ဆီး ကွင်းလယ်သမား အေဒင် ဟာဇက်က ရရှိ

ဒီနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီအတွက် ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့က ပေးအပ်တဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ချဲလ်ဆီး ကွင်းလယ်သမား အေဒင် ဟာဇက်က ရရှိသွားပါတယ်။ အသက် ၂၄ နှစ်အရွယ် ဟာဇက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲ ၃၃ ပွဲမှာ ၁၃ ဂိုး သွင်းထားပြီး  အသင်းဖော်တွေ သွင်းနိုင်အောင် ၈ ဂိုး ကူညီထားပါတယ်။ Eden Hazard of Chelsea celebrates scoring against Aston Villa during their English Premier League soccer match at Villa Park, Birminghamဟာဇက်ကတော့“ဒီဆုနဲ့ ထိုက်တန်သလားတော့ မသိပါဘူး။ ဒါပေမယ့် အရမ်းတော့ ပျော်ပါတယ်။ ဒီရာသီမှာ ကောင်းကောင်း ကစားနိုင်ခဲ့သလို ချဲလ်ဆီး လည်း ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။ ချဲလ်ဆီးဟာ ဒီနှစ်ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိဖို့ လက်တကမ်း အကွာမှာ ရောက်ရှိနေပါတယ်။ တနှစ်တာအတွက် လူငယ် အကောင်းဆုံး ဘောလုံးသမားဆုကို တော့ အသက် ၂၁ နှစ်အရွယ် စပါးစ်တိုက်စစ်မှူး ဟယ်ရီ ကိန်းက ရရှိသွားပါတယ်။ တိုက်စစ်မှူး ကိန်းဟာ ဒီနှစ်ရာသီမှာ ဂိုး ၂၀ သွင်းထားပြီး ပရီးမီးယားလိဂ်မှာ မန်စီးတီးတိုက်စစ်မှူး အက်ဂွာရိုရဲ့နောက် ဒုတိယ သွင်းဂိုးအများဆုံးသူ အဖြစ် ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up