Live
Home
သတင်းဓာတ်ပုံ
ကျောင်းသားသပိတ်လှုပ်ရှားမှု ဓာတ်ပုံပြပွဲ တားမြစ်ခံရမှုကြောင့် ရပ်နား
DVB
·
April 27, 2015
ဒီမိုကရေစီပညာရေး တောင်းဆိုတဲ့ ကျောင်းသားသပိတ် လှုပ်ရှားမှု ဓာတ်ပုံပြပွဲကို မူလက ၃ ရက် ပြသဖို့ စီစဉ်ထားပေမယ့် အခန်းပိုင်ရှင်က တားမြစ်တာကြောင့် ဧပြီ ၂၆ ရက်နေ့မှာ ပြသပြီး ရပ်နားခဲ့ရပါတယ်။ ကျောင်းသားသပိတ် ဓာတ်ပုံပြပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ် နဝဒေးလမ်းမှာရှိတဲ့ Think Art Gelley မှာ ဧပြီလ ၂၅ ရက်နေ့က ၂၇ ရက်နေ့အထိ ပြသဖို့ စီစဉ်ထားခဲ့တာပါ။ ပြီးခဲ့တဲ့ မတ်လအတွင်းက မန္တလေးမြို့ကနေ စတင်ခဲ့တဲ့ ဒီမိုကရေစီ ပညာရေး ကျောင်းသားသပိတ်စစ်ကြောင်း တလျှောက်၊ လက်ပံတန်းမှာ ကျောင်းသား သပိတ် ဖြိုခွင်းခံရတဲ့အထိ၊ ရန်ကုန်မြို့တော်ခန်းမရှေ့ ကျောင်းသားသပိတ် ထောက်ခံပွဲကို အရပ်ဝတ် လက်ပတ်နီတွေနဲ့ အကြမ်းဖက်ဖြိုခွဲခဲ့မှု အပါအ၀င်၊ ကျောင်းသားသပိတ် လှုပ်ရှားမှုတွေကို ပြသခဲ့တာပါ။ အဲဒီ ဓာတ်ပုံပြပွဲကို သတင်းမှတ်တမ်းရယူခဲ့တဲ့ သတင်းဓာတ်ပုံ ဆရာ ၅ ယောက် ဖြစ်တဲ့ ကိုဂျေပိုင်၊ ကိုစိုင်းဇော်၊ ကိုဟိန်းထက်၊ ကိုတေဇာလှိုင်နဲ့ ကိုလမင်းထွန်း တို့ရဲ့ ဓာတ်ပုံတွေကို သမိုင်းမှတ်တမ်းတင်နိုင်ဖို့ အတွက် ဓာတ်ပုံပြပွဲတခုအဖြစ် ပြန်လည်ပြသခဲ့တာ ဖြစ်ပါတယ်။ [gallery ids="90591,90592,90593,90594,90595,90596,90597,90598,90599,90600,90601,90602,90603,90604,90605"]

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024