ဟာဇက်ကို လိုချင်ပါက ပေါင် သန်း ၂၀၀ ပေးရမည်ဟု ချဲလ်ဆီးပြော

စပိန် လာလီဂါက ရီးရဲလ်မက်ဒရစ်အနေနဲ့ ကွင်းလယ်သမား ဟာဇက်ကို လိုချင်ရင် ပေါင်သန်း ၂၀၀ ပေးရလိမ့် မယ်လို့ ချဲလ်ဆီးအသင်းက သတိပေးလိုက်ပါတယ်။ “ဟာဇက်ကို ၀ယ်ချင်ရင် ပေါင်သန်း ၁၀၀ အပြင် ရီးရဲလ်အသင်းရဲ့ အကောင်းဆုံး ကစားသမား ၃ ယောက် ကို ပေးရမယ်”လို့ ချဲလ်ဆီး နည်းပြ မော်ရင်ဟိုက ပြောပါတယ်။ ဒါ့အပြင် ဟာဇက်ဟာ အသက်ငယ်သေးလို့ တရာသီချင်းစီအတွက် ပေါင်သန်း ၁၀၀ တန်တယ်လို့လည်း ဆိုပါတယ်။ ရီးရဲလ်အသင်းဟာ အကောင်းဆုံး ကစားသမားတွေအဖြစ် လက်ရှိမှာ ရော်နယ်ဒို၊ ဘေးလ်နဲ့ ရော်ဒီဂတ်ဇ်တို့ကို သတ်မှတ်ထားပါတယ်။ ချဲလ်ဆီး ကွင်းလယ် ဖန်တီးရှင် ဟာဇက်ဟာ ဒီနှစ်ရာသီမှာ ချဲလ်ဆီးအတွက် ခြေစွမ်းပြ ကစားပေးနေပြီး ၁၈ ဂိုး သွင်းပေးထားပါတယ်။ အသက် ၂၄နှစ် ဘယ်ဂျီယမ် တောင်ပံသမား ဟာဇက်ဟာ  ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့က ဒီနှစ်အတွက် ပေးအပ်တဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိထားပါတယ်။ ရီးရဲလ်ဟာ နှစ်တိုင်းမှာ နာမည်ကြီး ကစားသမားတယောက်ကို ၀ယ်ယူတဲ့ အစဉ်အလာ ရှိတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up