Home
မြန်မာသတင်း
မကွေးတိုင်းတွင် တမံရေပိတ်သည့် အတွက် နှမ်းခင်းဧက ၄၀၀ ကျော် ပျက်စီး
DVB
·
April 26, 2015
မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် ကြီးအုံကြီးဝတမံ ရေပိတ်လိုက်တာကြောင့် နှမ်းခင်းဧက ၄၀၀ကျော် ရေမြုပ်ပျက်စီးခဲ့ပါတယ်။ ဒီနှမ်းခင်းတွေဟာ မိုးတွင်းကာလတလျှောက်လုံး ရေနစ်မြုပ်နေတဲ့ လယ်ကွင်းတွေထဲမှာ နွေရာသီရေ ကျသွား ချိန်မှ စိုက်ပျိုးကြတဲ့နှမ်းခင်းတွေဖြစ်သလို တောင်သူတွေအနေနဲ့ တစ်နှစ်ပတ်လုံး ဒီတစ်သီးနှံကိုသာ အားထား နေရတာလည်းဖြစ်ပါတယ်။ ရေတက်လာတဲ့ အတွက် နှမ်းတွေဟာ မအောင်ပဲနဲ့ ရိပ်သိမ်းနေရသလို နစ်နာဆုံးရှုံး ရတဲ့ ဒေသခံ တောင်သူတွေက သက်ဆိုင်ရာအဆင့်ဆင့်ကိုတင်ပြခဲ့ပေမယ်လည်း ဆောင်ရွက်ပေး တာ မရှိဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်တွေ နှစ်တွေကတော့ နွေရာသီမှာ ရေမတက်ခဲ့ပဲ တောင်သူတွေ အကျိုးအမြတ်ခံစားခဲ့ရပါတယ်။ ကြီးအုံကြီးဝတမံကြောင့် စေတုတ္တရမြို့နယ်ထဲကကျေးရွာပေါင်း ၁၈ရွာက တောင်သူတွေရဲ့ ရိပ်သိမ်း ခါနီးနှမ်းခင်းတွေအချိန်အခါမဟုတ်ရေနစ်ပျက်စီးရတာ ဒီတစ်ကြိမ်နဲ့ဆို ၄ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။ [gallery ids="90521,90522,90523,90524"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024