နီပေါမြေငလျင်လူအများအပြားသေဆုံး

နီပေါနိုင်ငံမှာ ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၉ ရှိတဲ့ အင်အားပြင်း မြေငလျင်လှုပ်ခတ်သွားရာမှာ ဧပြီ ၂၅ ရက် ညနေပိုင်းအထိ သေဆုံးသူ အနည်းဆုံး ၁၀၀ ကျော်ရှိနေပြီး သေဆုံးသူ အများအပြား ရှိနိုင်တယ်လို့ အေဂျင်စီ သတင်းတွေမှာ ဖော်ပြပါတယ်။ မြို့တော် ခတ္တမန်ဒူနဲ့ ပိုခါရာ မြို့ အကြား စနေနေ့မနက်မွန်းမတည့်ခင်အချိန်လောက်က ငလျင်လှုပ်ခတ်ခဲ့ တာဖြစ်ပြီး ငလျင်ကြောင့် အဆောက်အအုံတွေ ပြိုကျပျက်စီးကာ့  လူတွေ အတော်များများ အထဲမှာ ပိတ်မိနေ ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တိဘက်၊ အိန္ဒိယ၊ ပါကစ္စ တန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကလည်း ငလျင်ဒဏ် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ [gallery ids="90497,90489,90490,90496,90491,90492,90493,90494,90495"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up