နိုင်ငံရေး မတည်ငြိမ်စဉ် ခိုးထုတ်သွားသည့် ရှေ့ဟောင်းပစ္စည်းများ အီဂျစ်ကို ပြန်ပေး

အီဂျစ်မှာ နိုင်ငံရေး မငြိမ်မသက်  ဖြစ်နေတဲ့အချိန်က နိုင်ငံခြားကို မှောင်ခို ခိုးထုတ်သွားတဲ့ ရှေးဟောင်း ပစ္စည်းတွေထဲက တချို့ကို ဧပြီ ၂၄ ရက်က ကိုင်ရိုကို ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။ ခေါင်းတလားတခုနဲ့ သင်္ဘော၂စင်း အပါအ၀င် ရှေးဟောင်းပစ္စည်း ၁၂၃ မျိုးဟာ အီဂျစ်ကဖြစ်တယ် ဆိုတာကို အတည်ပြုနိုင်ပြီးနောက် အမေရိကန် ပြည်ထောင်စုကနေ ပြန်ပို့ပေး လိုက်တာဖြစ်ပါတယ်။ အီဂျစ် ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး ၀န်ကြီးဌာနရဲ့ အဆိုအရ ၂၀၁၁ နိုင်ငံရေး ၀ရုန်းသုန်းကား အခြေအနေမှာ ရှေးဟောင်း ပစ္စည်းအတော်များများလည်း နိုင်ငံတွင်းက ခိုးထုတ်ခံလိုက်ရပြီး အမေရိကန်က အပြင် တခြား နိုင်ငံတွေကလည်း ပြန်ပို့ဖို့ ရှိတယ်လို့ ဆိုပါတယ်။ နောက်ထပ် ရှေးဟောင်းပစ္စည်း ၂၃၉ မျိုးကို ပြင်သစ်က ပို့ပေးဖို့ ရှိပြီး အရင်တပတ်ကလည်း သြစတြေးလျ ကနေ ရှေးဟောင်းပစ္စည်း ၁၅ မျိုးကို ပြန်ပို့ပေးလိုက်တယ်လို့ ၀န်ကြီး က ဆိုပါတယ်။ အီဂျစ် အစိုးရအနေနဲ့ ရှေးဟောင်း ပစ္စည်းတွေကို ထိန်းသိမ်းဖို့အတွက် နိုင်ငံတကာ ဆွေးနွေးပွဲတခုကို ကျင်းပဖို့ စီစဉ်ထားတယ်လို့လည်း ၀န်ကြီး မန်ဒူ အယ် ဒါမာတီက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up