Live
Home
မြန်မာသတင်း
ထိုင်းတွင် ယာဉ်တိုက်မှုဖြစ်၊ မြန်မာ ၃ ဦးဒဏ်ရာရ
DVB
·
April 24, 2015
ထိုင်းနိုင်ငံမြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်မှာ မြန်မာအလုပ်သမားတွေစီးလာတဲ့ မှန်လုံကားက ပလောပီနံတင် ဆယ်ဘီးကားကို နောက်ကနေ ၀င်တိုက်ရာမှာ ထိုင်းယာဉ်မောင်း သေဆုံးပြီး မြန်မာ ၃ ဦး ဒဏ်ရာရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ မနေ့မနက် အရုဏ်မတက်ခင် ဘန်ကောက်ကနေ နယ်စပ်က တာ့ခ်ခရိုင် မဲဆောက်မြို့ကို ပြန်တဲ့ စင်းလုံးငှား မှန်လုံယာဉ်ဟာ ယာဉ်မောင်းသမား အိပ်ငိုက်ပြီး ပလောပီနံတင် ဆယ်ဘီး ကားကို ၀င်တိုက်ခဲ့တာဖြစ်တယ်လို့ ရဲအရာရှိက ပြောပါတယ်။ ကားပေါ်မှာအသက် ၃ နှစ်ရွယ် ကလေးတစ်ဦးအပါအ၀င် ၁၁ ဦး စီးနင်းလိုက်ပါလာပြီး အားလုံးမှာ အလုပ်သမား လက်မှတ်ကိုင်ဆောင်ထားကြတယ်လို့ဆိုပါတယ်။ ခါနုဝေါရပူရီမြို့နယ်ရဲအရာရှိအဆိုအရ ဖဟွန်ယိုးထင်းလမ်းမကြီးပေါ်မှာ ပျက်စီးနေတဲ့ အဖြူရောင်မှန်လုံ ကားထဲမှာ သေဆုံးသူ ယာဉ်မောင်းအလောင်းနဲ့ ဒဏ်ရာရ ခရီးသည် ၃ ဦးကို တွေ့တယ်လို့ ဆိုပါတယ်။ ယာဉ်မောင်းဟာ အသက် ၄၀ ကျော်အရွယ် နိုင်းဆုမ်ဝန်းဝမ်ဆီ ထိုင်းလူမျိုးဖြစ်ပြီး ဒဏ်ရာရသူ မြန်မာ ၃ ဦးကို ကမ်ဖိုင်ဖစ်ဆေးရုံပို့ဆောင်ထားတယ်လို့ သူက ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024