အသက် ၁၂၂ နှစ်အရွယ် ဗီယက်နမ်အဖွားအို ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံရ

Nguyen Thi Tru ကို အသက် ၇၂ နှစ်အရွယ်ရှိသားအငယ်ဆုံးနဲ့ တွေ့ရစဉ် (Photo: Vietkings)
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ နေထိုင်တဲ့ အသက် ၁၂၂ နှစ်အရွယ် Nguyen Thi Tru (ငုယင်သီတရု) ဟာ ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသမီးဖြစ်ကြောင်း စိစစ်ပြီးစီးပြီလို့ ဟောင်ကောင်အခြေစိုက် the World Records Association က ကြေညာပါတယ်။ လာမယ့် ဇွန်လကျရင် ဗီယက်နမ် အဖွားအိုဆီသွားရောက်ပြီး အသိအမှတ်ပြု လက်မှတ်အပ်သွားမယ်လို့ အဲဒီအဖွဲ့အစည်းတာဝန်ရှိသူတွေက ပြောဆိုချက်ကို ဗီယက်နမ် သတင်းစဉ် Thanh Nien News က ဖော်ပြပါတယ်။ အဖွားအိုကို ၁၈၉၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး လက်ရှိ မြို့တော်ဆင်ခြေဖုန်းမှာ နေထိုင်နေပါတယ်။ ဗီယက်နိုင်ငံနိုင်ငံထုတ် Vietkings မှတ်တမ်းစာအုပ်အရ အဖွားအိုဟာ ဗီယက်နမ်နိုင်ငံရဲ့ အသက်ကြီးဆုံးအဖြစ် ဖော်ပြခံထားရသူဖြစ်ပါတယ်။ သူနှစ်ခြိုက်တဲ့ အစားအစာကတော့ အုတ်ဂျုံယာဂုနဲ့ ၀က်သား၊ နွားနို့နဲ့ အချိုပွဲဖြစ်တယ်လို့ဆိုပါတယ်။ အဖွားအိုရဲ့ မိသားစုတွေအဆိုအရ အဖျာအနာမရှိသလို ဆေးရုံတက်ဖူးခြင်းမရှိဘူးလို့ဆိုပါတယ်။ WRA က ကနဦးပိုင်းက ကမ္ဘာ့အသက်အရှည်ဆုံးအမျိုးသမီးအဖြစ် အတည်ပြုခဲ့သူဟာ ဂျပန်နိုင်ငံသူ Misao Okawa ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up