ခေတ်မီဖက်ရှင်မောင်မယ်များ၏ ၀ိရောဒီကို သချာင်္ပုံသေနည်းဖြင့် ရှင်းလင်း

ဖက်ရှင်အမြင်ထက်သန်ပြီးစတိုင်ကျခေတ်မီသူတွေရဲ့အတွေးအခေါ်ဆိုတာ တကယ့်တော့ အများနဲ့ မတူ လမ်းရိုးအတိုင်းမလိုက်တဲ့ အမြင်ပါပဲ။ ဒါပေမယ့် ၀ိရောဓိဖြစ်စရာတစ်ခုက ဖက်ရှင်မောင်မယ်တွေဟာ ကွဲပြားအောင် အားထုတ်နေရင်းက ဘာကြောင့် ဒီပုံပဲ ပြန်ထွက်လာရတာပါလဲ။ ပါရီမြို့ပြင်သစ်ကောလိပ်မှ သင်္ချာပညာရှင်ဂျွန်နသန်ထူးဘူးလ်က ဒီဖြစ်စဉ်ကိုရှင်းပြနိုင်မယ့် ပုံသေနည်းတစ်ခုကို တီထွင်ခဲ့ပါတယ်။ ဖက်ရှင်မောင်မယ်တွေအဖို့ နဂိုပုံပဲပြန်ထွက်လာတယ်ဆိုတာ အသစ်အဆန်းတွေကို သတိထားမိ နိုင်စွမ်း နည်းနေချိန်မှာ ရွေးဖူးပြီးသားကိုပဲ ထပ်ခါထပ်ခါရွေးမိတတ်ကြတာကြောင့်ပဲလို့ သူက ယုံကြည် ထားပါတယ်။ "သူတို့က တစ်ခြားသူတွေထက်အမြင်ဆန်းအောင်ရွေးချယ်ချင်ကြပေမယ့် ခေတ်ရေစီးကို ထောက်လှမ်း နိုင်စွမ်းသိပ်နှေးတဲ့အတွက် ဒီပုံချည်းပဲ ထပ်သွားရတာပါ။ သူတို့လိုချင်တာက သူတစ်ကာထက် ထူးခြား ဖို့ပါ။ ဒါပေမယ့် အသစ်အဆန်းဆိုရင် မြင်သိနိုင်စွမ်းကနည်းလေတော့ ဒါဆိုဒါပဲ ထပ်ခါထပ်ခါ ရွေးမိ တော့တာပဲ။ ထူးခြားချင်စိတ်ရှိပေမယ့် တစ်ချိန်တည်းမှာ တစ်ခုတည်းသောပုံချည်းပဲရွေးမိတတ်ကြ တယ်။ ဒီတော့ ဖက်ရှင်မောင်မယ်တွေရဲ့ ဒါဝတ်နဲ့ဒီပုံ သံသရာက စတော့တာပဲ။" လို့ ဂျွန်နသန်ထူးဘူးလ်က ပြောပါတယ်။ လန်ဒန်အရှေ့ပိုင်းနေသူတွေဟာ ဒီဝိရောဓိသဘောကို လက်ခံထားကြပေမယ့် ဖက်ရှင်မောင်မယ်တွေ ရဲ့ရွေးချယ်မှုကို မီဒီယာတွေက ပိုပြီးလွှမ်းမိုးနိုင်တယ်လို့ ယူဆကြပါတယ်။ "ဖက်ရှင်မောင်မယ်တွေက အမြင်ဆန်းအောင်ကြိုးစားကြပေမယ့် နှုတ်ခမ်းမွှေး၊ တက်တူး၊ ကြောင်ကျားကျားဘောင်းဘီတွေ၊ စပ်ဖြဲဖြဲအရောင်စပ်တွေနဲ့… နောက်ဆုံးတော့ ခေတ်မီ တယ်ဆိုပြီး ဒီပုံပဲထွက်လာတယ်။"လို့ ဂျွန်နသန်ထူးဘူးလ်က ပြောပါတယ်။ "မီဒီယာတွေ၊ လူမှုအင်တာနက်စာမျက်နှာတွေ၊ တီဗွီကြော်ငြာတွေ၊ သတင်းစာတွေကနေ လူတွေကို စိတ်ဝင်စားအောင်လုပ်ပြီး ရောင်းအားမြှင့်မယ်။ ဒါပေမယ့် လူတွေကတော့ သူတို့ဆန္ဒရှိတာကို သူတို့လုပ်နေကြတာလို့ပဲထင်ပါတယ်။" လို့သူက ပြောပါတယ်။ ထူးဘူးလ်ကတော့ ဖက်ရှင်မောင်မယ်တွေကို သူ့ညီမျှခြင်းရဲ့အခြေခံအဖြစ်အသုံးပြုထားပါတယ်။ ဒါအပြင် လူအများစုအကြိုက်နဲ့ ဆန့်ကျင်ဆုံးဖြတ်သူတွေကိုလည်း ထည့်သွင်းအသုံးပြုထား ပါတယ်။ သူကတော့ သူ့ရဲ့သင်္ချာညီမျှခြင်းဟာ ဖြစ်စဉ်အစုအဝေးကြီးကို ပုံဖော်ရာမှာနဲ့ ဦးနှောက်ရဲ့ တုံ့ပြန်လှုပ်ရှားမှုကို နားလည်အောင်လုပ်ရာမှာလည်း အသုံးပြုနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ [gallery ids="90369,90370,90371,90372,90373"]

More News
Up