သြစတြေးလျတွင် ဆိုင်ကလုံးမုန်တိုင်းနောက်ဆက်တွဲ ရေကြီး

1K
သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်မှာ ဆိုင်ကလုံးမုန်တိုင်းဒဏ်ကို ၃ ရက်ကြာ ခံလိုက်ရပြီး ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့မှာ ရာသီဥတု အခြေအနေ ပြန်ကောင်းလာပါတယ်။
ဒါပေမယ့် မုန်တိုင်းနောက်ဆက်တွဲအဖြစ် ရေကြီးတာတွေကတော့ တချို့အပိုင်းတွေမှာ ပြန်မကျသေးပါဘူး။
အပျက်အစီးတန်ဖိုး ဒေါ်လာသန်းရာနဲ့ချီရှိမယ်လို့ အစိုးရက ပြောပါတယ်။
ကယ်ဆယ်ရေးနဲ့ ထူထောင်ရေးလုပ်ငန်းတွေကို ချက်ချင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး စိတ်ရှည်သည်းခံဖို့လည်း လိုအပ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် မိုက်ဘတ်က ပြောပါတယ်၊
ဧပြီ ၂၃ ရက်နေ့အထိ သေဆုံးသူ ၄ ဦး ရှိတယ်လို့ အတည်ပြုနိုင်ပါတယ်။ မုန်တိုင်းကြောင့် နိုင်ငံအရှေ့ပိုင်း ရာနဲ့ချီတဲ့ ကျောင်းတွေကိုလည်း ပိတ်ထားရပါတယ်။
မုန်တိုင်းဟာ တနာရီ ၈၅ မိုင်နှုန်းအထိ တိုက်ခတ်ခဲ့တယ်လို့ မိုးလေ၀သဌာနက ထုတ်ပြန်ပါတယ်။
နောက်ထပ် မုန်တိုင်းငယ်တခုလည်း ဒီတပတ်ထဲမှာ နယူးဆောက်ဝေး ကမ်းခြေကို ၀င်ရောက်နိုင်တယ်လို့ သြစတြေးလျမိုးလေ၀သဌာနက ကြိုတင် သတိပေးထားပါတယ်။