Live
Home
မြန်မာသတင်း
ဖမ်းဆီးခံကျောင်းသားများကို လက်ပံတန်းတရားရုံးတွင် နောက်ဆုံးအကြိမ် ရုံးထုတ် (ရုပ်သံ)
DVB
·
April 23, 2015
ဖမ်းဆီးခံသပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို လက်ပံတန်းတရားရုံးမှာ ဒီကနေ့ ထပ်မံရုံးထုတ်ပြီး သူတို့ကို လာမယ့် ဧပြီလ ၃၀ ရက်နေ့ကစပြီး သာယာဝတီ တရားရုံးမှာရုံးပြောင်း စစ်ဆေးမှာဖြစ်တယ်လို့ ကျောင်းသားတွေရဲ့ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေ အပါအ၀င် ၀န်းရံပြည်သူ အယောက် ၇၀ ကို ဒီနေ့ ဧပြီ ၂၃ရက် မနက် ၁၀နာရီဝန်းကျင်က လက်ပံတန်း တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။ လုံခြုံရေးအင်အားတွေ အရင်အကြိမ်တွေကထက် ပိုမိုတင်းကြပ်ထားသလို ရုံးထုတ်လာတဲ့ ကျောင်းသားတွေနဲ့ လာရောက်အားပေးကြတဲ့ မိဘပြည်သူတွေကနေ ကြွေးကြော်သံတွေနဲ့ တရားရုံးရှေ့ ဆန္ဒပြခဲ့ကြပါတယ်။ သပိတ်မှောက်ကျောင်းသားနဲ့ဝန်းရံသူ ၇၀ လောက်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု အပါအ၀င် ပုဒ်မ ၅ ခုနဲ့ စွပ်စွဲထားတာ ဖြစ်ပြီး တချို့ ကျောင်းသားခေါင်းဆောင်တွေကတော့ တခြားမြို့နယ်တရားရုံးတွေမှာ နောက်ထပ် ပုဒ်မ အမျိုးမျိုးနဲ့ တရားစွဲဆိုခံထားရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024