Home
မြန်မာသတင်း
စိတ်ကြိုက်ဟင်းလျာများကို ချက်ပြုတ်ပေးမည့် စက်ရုပ်စားဖိုမှူး
DVB
·
April 22, 2015
တနေကုန်အလုပ်လုပ်ရာက ပြန်လာချိန်အိမ်ရှေ့တံခါးကို ဖွင့်လိုက်တာနဲ့ မီရှဲလီတင်ဆက်တဲ့ ဟင်းလျာမျိုးတွေ အသင့်ပြင်ထားတဲ့အဖြစ်ကို စိတ်ကူးကြည့်လိုက်စမ်းပါ။ ပိုရန်ကောလို့ ဆိုစရာရှိပေမယ့် ဒီ စိတ်ကူးယဉ်အနာဂတ်ဟာ လူကြီးမင်းတွေးထားသလို အလှမ်းမဝေးလှပါဘူး။ လျှပ်စစ်ဓာတ်အားသုံး စားဖိုမှူးရဲ့နောက်ကွယ်မှာ မိုလီစက်ရုပ်ကုမ္ပဏီရှိနေလို့ပါပဲ။ စားဖိုမှူးကြီး တင်မ်အန်ဒါဆန်ရဲ့ ချက်နည်းတွေရော ဂဏန်းဟင်းချိုချက်နေခိုက် သူ့ရဲ့လှုပ်ရှားပုံ အသေးစိတ်ကအစ ပုံထုတ်ခဲ့ပါတယ်။ 3D ကင်မရာတွေနဲ့မှတ်တမ်းတင်ထားတာမို့ ခုဆိုရင် စက်ရုပ်စားဖိုမှူးက ဒီလှုပ်ရှားမှုတွေကို အတိအကျ ဆောင်ရွက်နိုင်ခဲ့ပါပြီ။ "ကျနော့်လက်ပဲဖြစ်ဖြစ် ဘယ်စားဖိုမှူးရဲ့ လက်ကိုပဲဖြစ်ဖြစ် ဒီစက်ရုပ်က တုပနိုင်ပြီဆိုရင် ဘယ်ဟင်းပဲဖြစ်ဖြစ် မချက်နိုင်စရာမရှိတော့ဘူး။ မုန့်ညက်နယ်တာ၊ ဆူရှီလုပ်တာကအစ အခက်အခဲမရှိ လုပ်နိုင်မှာပဲ။" စက်ရုပ်စားဖိုမှူးရဲ့ လက်ကျွမ်းမှုလျှို့ဝှက်ချက်က လန်ဒန်အရှေ့ပိုင်းက ရှဲဒိုးရိုဘော့ကုမ္ပဏီနဲ့သာ ဆိုင်ပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်များအတွင်း စက်ရုပ်လက်တံကို အချောသတ်ခဲ့ပါတယ်။ ခုဆိုရင် နျူကလီးယားစက်ရုံတွေမှာ သုံးနေပြီဖြစ်သလို နာဆာကလည်း လေ့လာနေပါပြီ။ လူနဲ့တူအောင် ဖန်တီးထားတာမို့ပါ။ မိုလီစက်ရုပ်ကုမ္ပဏီရဲ့တွဲဖက်တည်ထောင်သူ မက်ခ်အိုလီနစ်ခ် ဒါကလည်း သိပ်ကို အရေးပါတယ်လို့ ဆိုပါတယ်။ "လူနဲ့တူအောင်ဖန်တီးဖို့က အဓိကပါ။ လူတွေလက်နဲ့ဖန်တီးနိုင်သမျှ သူတို့လည်း လုပ်နိုင်ရမယ်။ ဒါက လူသားအသိဥာဏ်ကို စက်ရုပ်တွေဆီ ကူးပြောင်းပေးရာမှာ အဓိကကျတဲ့အချက်ပါပဲ။" လက်တွေကို ချက်ပြုတ်တတ်အောင် သင်ပေးနိုင်ပြီဆိုမှတော့ လက်သမားအတတ်တွေ စန္ဒယားတီးတာတွေကို သူတို့မလုပ်နိုင်စရာအကြောင်းမရှိဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ လောလော ဆယ်မှာတော့ ဒီစက်ရုပ်က ချက်နည်းပြုတ်နည်းစာအုပ်အဖြစ်သာ အသုံးတော်ခံမှာပါ။ iTunes ကနေ သီချင်းတွေ ဒေါင်းလုပ်ချသလို ဒီစက်ရုပ်စားဖိုမှူးဆီကနေ ရှုပ်ထွေးလှတဲ့ဟင်းလျာတွေကို ဒေါင်းလုပ်ချလိုက်ရုံပါပဲ။ ဒီတော့ လူနဲ့ စက်ရုပ်ကြားက အလွှာဟာ ပါးပါးလာနေပြီလို့ ဆိုရတော့မှာဖြစ်ပါတယ်။ [gallery ids="90215,90216,90217,90218,90219,90220,90221,90222"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024