လစ်ဗျားရှိ စပိန်သံရုံး တိုက်ခိုက်ခံရ

1.8K
လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီမှာ ရှိတဲ့ စပိန်သံရုံး တနင်္လာနေ့ ညနေပိုင်းမှာ တိုက်ခိုက်ခံ ရတယ်လို့ စပိန်မှာ ထုတ်တဲ့သတင်းစာတွေမှာ ဖော်ပြကြပါတယ်။
မြောက်အာဖရိကဒေသက နိုင်ငံခြားသံရုံးတွေ တိုက်ခိုက်ခံနေရတဲ့အထဲမှာ စပိန်သံရုံး လည်း ပစ်မှတ်ထားခံရတာ ဖြစ်ပါတယ်။ သံရုံးအနီး နေထိုင်သူတွေက ပေါက်ကွဲသံကို ကျယ်ကျယ်လောင်လောင် ကြားရတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နွေရာသီက ထရီပူလီမှာ ပြိုင်ဖက် လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ အချိန်ကစလို့ အာရပ်နိုင်ငံတွေက သံတမန်တွေကို ပြန်ခေါ်ထားပြီး ဖြစ်ပါတယ်။
စပိန်သံရုံး တိုက်ခိုက်ခံရမှုမှာ အဆောက်အအုံ နံရံ ပျက်စီးသွားပြီး ဘယ်အဖွဲ့ကမှ သူတို့ လက်ချက်ဆိုပြီး တာဝန်မခံသေးပါဘူး။
လစ်ဗျားမှာ နိုင်ငံခြားသံရုံးတွေနဲ့ ရေနံမြေတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်)ကို သစ္စာခံတဲ့ စစ်သွေးကြွအုပ်စုတွေက ပြုလုပ်နေတာ ဖြစ်ပါတယ်။
[gallery ids="90193,90194,90195"]