အီဂျစ်သမ္မတဟောင်း မော်စီကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်

အီဂျစ်တရားရုံးက ရွေးကောက်ခံ သမ္မတဟောင်း မိုဟာမက်မော်စီ အပါအ၀င် မွတ်စလင်ညီအစ်ကိုများ အဖွဲ့ ခေါင်းဆောင် ၁၂ ယောက်ကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ပါတယ်။ ၂၀၁၂ ခုနှစ်က ဆန္ဒပြသမားတွေကို သတ်ဖြတ်မှုနဲ့ ထောင်ချလိုက်တာ ဖြစ်ပါတယ်။ ထောင်ချခံရသူတွေထဲမှာ မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး မိုဟာမက် အယ်လ် ဘတ်တာဂီနဲ့ လွှတ်တော်အမတ်ဟောင်း အက်ဆမ် အယ် အီရီယံ တို့ ပါဝင်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို အယူခံ ၀င်နိုင်တယ်လို့လည်း ဆိုပါတယ်။ မိုဟာမက်မော်စီဟာ အီဂျစ်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့ သမ္မတအဖြစ် ကြေညာခဲ့အပြီး ၃ နှစ်အကြာမှာပဲ အခုလို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတာ ဖြစ်ပါတယ်။ [gallery ids="90181,90182,90183,90184,90185"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up