ဘိုင်ယန်နှင့် ဘာစီလိုနာတို့ ချန်ပီယံလိဂ် ဆီမီးတက်

ဧပြီ ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွားတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေမှာတော့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာအသတင်းတို့က အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ပေါ်တို အသင်းကို ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားသလို ၂ ပွဲပေါင်း ရလဒ် ၇ ဂိုး ၄ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။ ပထမအကျော့မှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားတဲ့ ဘိုင်ယန်မြူးနစ်အတွက် ဒီပွဲမှာ ၂ဂိုး ၀နဲ့ အနည်းဆုံး အနိုင်ရရှိဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲချိန် ၂၂ မိနစ်မှာဘဲ လိုအပ်တဲ့ ၂ ဂိုး စလုံးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ လီဝန်ဒေါ့စကီးက ၂ ဂိုး သောမတ်မူလာ၊ အလွန်ဆိုတို့က ၁ ဂိုးစီသွင်းယူခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားတာ ဖြစ်ပါတယ်။ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘိုင်ယန်မြူးနစ် နည်းပြအတွက်တော့ ဒီနိုင်ပွဲကြောင့် သက်သာရာရစေပါတယ်။ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီ ပွဲစဉ်မှာတော့ ဘာစီက ၂ ဂိုး ၀ နဲ့ အနိုင်ရရှိပြီး ၂ ပွဲပေါင်းရလဒ် ၅ ဂိုး ၁ ဂိုးနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ၂ ဂိုး စလုံးကို နေမာက ပထမပိုင်း ၁၄ နဲ့ ၃၄ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပထမ အကျော့ပွဲစဉ်မှာတော့ ပီအက်စ်ဂျီအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဂျူဗင်တပ်နဲ့ မိုနာကို၊ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ [gallery ids="90168,90169,90170,90171,90172,90173,90174,90175"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up