ထိုင်းနိုင်ငံ ချင်းမိုင်တွင် မုန်တိုင်း သတိပေးချက်ထုတ်ပြန်

ဓာတ်ပုံ - chiangmaicitylife.com
ဧပြီ ၂၁-၂၄ ရက်အထိ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မှာ မုန်တိုင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ တရုတ်ဘက်ကနေ တိုက်ခတ်လာတဲ့ ဒီမုန်တိုင်းကြောင့် သစ်ပင်ကြီးတွေ ဆိုင်းဘုတ်တွေနဲ့ မခိုင်ခန့်တဲ့ အိမ်တွေမှာ မနေဖို့ ဒေသခံတွေကို သတိပေးထားတယ်လို့ ချင်းမိုင်မြို့တော် သတင်းမှာ ရေးပါတယ်။ မုန်တိုင်းဟာ ၃ ရက်ကြာတိုက်ခတ်မှာ ဖြစ်ပြီး ဧပြီ ၂၁ ရက်မှာ ချင်းမိုင်ကို ဖြတ်သန်း တိုက်ခတ်မှာဖြစ်သလို ဒီမုန်တိုင်းကြောင့် မိုးရွာပြီး လေပြင်းတွေ တိုက်ခတ်မယ်လို့ ဆိုပါတယ်။ ဒီမုန်တိုင်းဟာ မနေ့က ချင်းရိုင်ကို ဖြတ်သန်းတိုက်ခိုက်ခဲ့သလို ဒီမုန်တိုင်းကြောင့် ချင်းရိုင်မှာ အိမ်ခြေ ၁၀၀ နီးပါး ပျက်စီးခဲ့သလို လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်ကုန်ပါတယ်။

More News
Up