မန္တလေးတွင် အိမ်ခြေ ၂၀ ကျော် မီးလောင် (သတင်းဓာတ်ပုံ)
DVB
·
April 20, 2015
မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ် ဥယျာဉ်အုပ်ဝင်းရပ်ကွက် ၃၃ လမ်း ၃၄လမ်းကြား ၈၈ လမ်းမှာ ဧပြီ ၂၀ ရက် နေ့လယ်ပိုင်းက ၀ါယာရှော့ခ်ဖြစ်လို့ မီးလောင်ခဲ့ပါတယ်။
နာရီဝက်ကြာ လောင်ကျွမ်းခဲ့တဲ့ မီးကို မီးသတ်ကား ၃၀ လောက်နဲ့ ငြိမ်းသတ်ခဲ့သလို မီးကြောင့် နေအိမ် ၂၀ ကျော် လောင်ကျွမ်းသွားတယ်လို့ အဲဒီနေရာမှာ သတင်းရယူနေတဲ့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။
မီးကြောင့် ထိခိုက်ဒဏ်ရာ သေဆုံးတဲ့စာရင်းတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
သတင်းဓာတ်ပုံ - အောင်အောင်
[gallery ids="90042,90043,90044,90047,90048"]