Home
မြန်မာသတင်း
ပတ်ဝန်းကျင်နှင့် ဆက်သွယ်နိုင်မည့် စမတ် ဆင်ဆာ
DVB
·
April 19, 2015
ဖင်လန်နိုင်ငံက နည်းပညာကုမ္ပဏီဖြစ်တဲ့ VTT ဟာ လူတွေကို ပတ်ဝန်းကျင်နဲ့ဆက်သွယ်တုံ့ပြန် နိုင်မယ့် ဆင်ဆာတွေကို မိတ်ဆက်ပေးလိုက်ပါပါတယ်။ စိတ်ရှုပ်သွားပြီလား။ ဒါဆိုရင်တော့ လူတယောက် လမ်းလျှောက်သွားရင် ကြမ်းခင်းမှာ ထွန်းထားတဲ့ မီးတွေ ဘယ်လိုလင်းလာသလဲဆိုတာကို ကြည့်ကြည့်ပါနော်။ "အခုမြင်နေရတာကတော့ စင်္ကြန်မှာလျှောက်သွားသူတွေကို ထောက်လှမ်းနေတဲ့မီးတွေပါ။ ဒီမီးတွေက မြှပ်ထားတဲ့ ကင်မရာတွေကို အခြေခံထားတာပါ။ ကျနော်တို့က စင်္ကြန်လမ်းကမီးတွေကို ထိန်းချုပ်ဖို့ ထောက်လှမ်းရေးကင်မရာတွေကို သုံးထားတာပါ။ ဒါမှ လူတွေကို သူတို့လိုရာအရပ်ကို သွားနိုင်အောင် လမ်းပြနိုင်မှာဖြစ်ပါတယ်။" လို့ သုတေသီအီဆာ မာတီဆာဂျန်နိုဂျာက ရှင်းပြပါတယ်။ ကျနော်တို့ ၀န်းကျင်နဲ့ အင်တာနက် အရာဝတ္ထုတွေလို့ သိထားတဲ့ စမတ်ကိရိယာတွေရဲ့ ကူးလူးဖလှယ်နိုင်တဲ့စွမ်းရည်ဟာ သိပ်ကိုလျင်မြန်လာပါပြီ။ ဒီနည်းပညာကို လုံခြုံရေး ကိစ္စတွေမှာလဲ အသုံးပြုနိုင်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ဥပမာပြောရရင် အိမ်တွင်း ချွတ်နင်းဝင်ရောက်လာသူကိုအာရုံခံပြီး စမတ်ကိရိယာတွေကို သတိပေးချက်တွေ တစ်နေ့ လုံး ပို့ပေးရာမှာ LED မီးလုံးကို သူခိုးလှန့်အချက်ပေးကိရိယာအဖြစ် သုံးနိုင်ပါတယ်။ အချို့ကိုတော့ လူမမည်ကလေးငယ်တွေစောင့်ကြည့်နိုင်တဲ့ ဆင်ဆာတွေမှာ အသုံးပြုနိုင်ပါတယ်။ ဒီကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ စမတ်ကိရိယာကတော့ ကလေးငယ်ရဲ့အပူချိန်၊ အသက်ရှူနှုန်းနဲ့ အဟာရဆိုင်ရာ အချက်အလက်တွေကို ကောက်ယူပြီး စမတ်ဖုန်းဆီကို ပေးပို့နိုင်ပါတယ်။ ကျေးလက် ဒေသတွေမှာ ရေခဲလုမတက်အေးတဲ့ အချိန်တွေမှာတောင် ကလေးတွေကို အိမ်ပြင်ပမှာ သိပ်ထားတတ်တာ ဟာ ဖြစ်ရိုး ဖြစ်စဉ်တခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိရိယာကို အမြဲ သုံးဖြစ်တယ်လို့ မိဘဖြစ်သူ ဆိုးလ်ဒဒ်ပယ်ရီဆင်က ဆိုပါတယ်။ "ကလေး အပြင်မှာအိပ်နေရင်တောင်မှ ဒီကိရိယာကိုသုံးပြီး ဖုန်းထဲက အက်ပလီကေးရှင်းနဲ့ စောင့်ကြည့်လို့ ရပါတယ်။ သူရဲ့ ကိုယ်အပူချိန် အခန်းပြင်ပမှာရှိတဲ့အပူချိန် ရုတ်တရက်လျော့ကျသွားသလားဆိုတာ ကအစ စောင့်ကြည့်လို့ ရပါတယ်။ လိုအပ်ရင် ကလေးကိုအိမ်ထဲသွင်းရတာပေါ့။ ပြီးရင် ကလေးရဲ့ နို့စို့အားနဲ့ပတ်သက်တဲ့အချက်အလက် ကိုလဲကြည့်နိုင် ပါတယ်။ ဒီတော့ ကလေးရဲ့စုပ်ယူအားကို ကြည့် ပြီး ကလေးနိုးချိန်တန်ပြီလားဆိုတာလဲ သိနိုင်တာပေါ့နော်။"လို့ သူက ပြောပါတယ်။ VTT ကုမ္ပဏီက ဒီစမတ်ဆင်ဆာတွေရဲ့စွမ်းအားကတော့ အဆုံးမဲ့ပဲလို့ဆိုပါတယ်။ သူတို့က ဒီကိရိယာကို လမ်းမီးတိုင်တွေမှာတပ်ဆင်နေပါပြီ။ ဒါကြောင့် အသေတပ်ဆင်ထားတဲ့ ဒီမီးလုံးတွေကို မှိန်ဖျော့တာ အလင်းပေးလိုတဲ့နေရာတွေကိုချိန်ကိုက်တာကအစ လုပ်လို့ရနိုင်ပါတယ်။ [gallery ids="89957,89958,89959,89960,89961,89962"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024