အမေရိကန် တောမီး အိမ်ခြေ ၂၀၀ ခန့်က မိသားစုများကို အရေးပေါ်ကယ်ထုတ်

  အမေရိကန် ပြည်ထောင်စု လော့အိန်ဂျလိ အရှေ့ပိုင်းမှာ အကြီးစား တောမီးလောင်ကျွမ်းမှုကို တားဆီးဖို့ ခက်ခဲနေပြီး အနီးအနားက အိမ်ခြေ ၂၀၀ က မိသားစုတွေကို နာရီပိုင်းအတွင်းမှာပဲ ကယ်ထုတ်ခဲ့ရပါတယ်။ လော့အိန်ဂျလိ အရှေ့ဘက် ၃၅ မိုင်အကွာက ချင်နိုဟေး ဒေသမှာ အလျင်အမြန် ပျံ့နှံ့နေတဲ့ တောမီးကို ဧပြီ ၁၉ ရက်အထိ လုံးဝ မတားဆီးနိုင်သေးဘဲ ဧက ရာနဲ့ချီ မီးကူးစက်နေတယ်လို့ နယ်မြေခံ မီးသတ်ဌာနက ပြောပါတယ်။ ဧပြီ ၁၈ ရက် ည ၆ နာရီလောက်က သစ်ပင်တွေကနေ မီးစလောင်ခဲ့ပြီး အလျင်အမြန် ကူးစက်နေတယ်လို့ ကြေညာချက်က ဆိုပါတယ်။ ဒါပေမယ့် ထိခိုက်ဒဏ်ရာ ရသူတော့ မရှိပါဘူး။ ဧပြီ ၁၉ ရက်နေ့အထိ မီးသတ်သမား ၂၄၅ ယောက် မီးငြိမ်းသတ်နေရတယ်လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။ ဓာတ်ပုံ - ရိုက်တာ [gallery ids="89963,89964,89965,89966"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up