မာလီနိုင်ငံ ကုလစခန်း တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ ဒဏ်ရာရ

မာလီနိုင်ငံမြောက်ပိုင်း အန်ဆွန်ဂိုမြို့က ကုလသမဂ္ဂအခြေစိုက်ရုံးရဲ့ စခန်းဝင်ပေါက်မှာ ဧပြီ ၁၅ ရက်နေ့က အသေခံတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ မာလီနိုင်ငံရှိ ကုလသမဂ္ဂမစ်ရှင်က သတင်း ထုတ်ပြန်ပါတယ်။ အသေခံဗုံးခွဲသမားက စခန်းထဲကို ကားနဲ့ အတင်းမောင်းဝင်ဖို့ ကြိုးစားခဲ့ပေမယ့် အပစ်ခံခဲ့ရတာကြောင့် ဗုံးတွေ တပ်ဆင်ထားတဲ့ ကားက ပေါက်ကွဲခဲ့တာလို့ မာလီစစ်တပ်ရဲ့ ပြောခွင့်ရ ဒိုင်ယာရန် ကိုနေက ပြောပါတယ်။ မာလီနိုင်ငံ တည်ငြိမ်စေရေး ဘက်စုံပေါင်းစည်းထားသော ကုလသမဂ္ဂ အထူးအဖွဲ့ရဲ့ ခေါင်းဆောင် မွန်ဂျီဟမ်ဒီက ဒီတိုက်ခိုက်မှုကို ရှုတ်ချကြောင်းကြေညာချက်ကို ကုလသမဂ္ဂ ပြောခွင့်ရ စတက်ဖနီက ဖတ်ပြပါတယ်။ ဒီတိုက်ခိုက်မှုဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်ပြီး မာလီနိုင်ငံတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ရည်မှန်းထားတဲ့ လုပ်ငန်းတာဝန်တွေကို ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။ ကုလသမဂ္ဂဟာ ဆာဟာရဒေသ မာလီနိုင်ငံ တည်ငြိမ်ရေးအတွက် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် အယောက် ၁ သောင်းကို တာဝန်ချထားပါတယ်။ ၂၀၁၂ ခုနှစ်က မာလီနိုင်ငံကို အယ်လ်ကိုင်းဒါးတွေနဲ့ ချိတ်ဆက်ထားတဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေက ထိန်းချုပ်ခဲ့ပါတယ်။ စစ်သွေးကြွတွေကို ပြင်သစ် ဦးဆောင်ပြီး ၂၀၁၃ ခုနှစ်က မောင်းထုတ်ခဲ့ပေမယ့် လက်ကျန် စစ်သွေးကြွတွေက ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့၊ ပြင်သစ်နဲ့ မာလီတပ်တွေအပါအ၀င် အရပ်သားတွေကို အကြိမ်ရေအတော်များများ တိုက်ခိုက်ခဲ့ ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up