တရုတ်မြောက်ပိုင်းတွင် သဲမုန်တိုင်း ကျရောက်

တရုတ်နိုင်ငံမြောက်ပိုင်းဒေသတွေမှာ ဧပြီ ၁၅ ရက်နေ့က သဲမုန်တိုင်း ကျရောက်ခဲ့လို့ မြို့တွင်းယာဉ်အသွားအလာတွေနဲ့ ခရီးသွားလာရေးတွေ ထိခိုက်ခဲ့ပါတယ်။ ဇင်ကျန်းပြည်နယ်မှာ ရှေ့အကွာအဝေး ပေ ၃၀ လောက်အထိပဲ မြင်တွေ့ရပြီး လျှပ်စစ်မီးတွေလည်း ပြတ်တောက်ခဲ့ပါတယ်။ ယာဉ်ကြောတွေ ပိတ်ဆို့ခဲ့ပြီး ပြည်နယ်တွင်းက ရေနံတူးဖော်ရေးလုပ်ငန်းတွေ ရပ်နားခဲ့ရတယ်လို့ ဆိုပါတယ်။ ပီကင်းမြို့တော်မှာလည်း သဲမုန်တိုင်း ကျရောက်ခဲ့ပြီး မြို့ခံတွေ ဖုန်အကာအကွယ် မျက်နှာဖုံးတွေနဲ့ အပြင်ထွက်ကြရပါတယ်။ တရုတ်မိုးလေ၀သဌာနကလည်း နိုင်ငံမြောက်ပိုင်း ပြည်နယ်အတော်များများမှာ ဧပြီ ၁၅ ရက်နေ့ နေလယ်ပိုင်းကနေ ညနေပိုင်းအထိ သဲမုန်တိုင်း ကျရောက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ မြစ်ဝါမြစ်နဲ့ ဟွေ့ဟီ (Huaihe) မြစ်ဝှမ်းတွေအပါအ၀င် နိုင်ငံမြောက်ပိုင်းတကြောလုံး လေကြမ်းတိုက်ခတ်ပြီး အပူချိန် ၁၂ ဒီဂရီဆယ်စီယပ် ကျဆင်းမယ်လို့ တရုတ်မိုးလေ၀သဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - ရိုက်တာ [gallery ids="89581,89582,89583,89584,89585,89586,89587,89588,89589,89590,89591"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up