ဂျပန် နျူကလီးယား စက်ရုံ ၂ ခု ပြန်ဖွင့်မည့်အစီစဉ် တရားရုံးက တားဆီး

ဂျပန်နိုင်ငံမှာ ပိတ်ထားတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံ ၂ ရုံ ပြန်ဖွင့်မယ့်အစီအစဉ်ကို တရားရုံးတခုက ဘေးကင်းလုံခြုံရေးအကြောင်းပြချက်နဲ့ တားဆီးလိုက်ပါတယ်။ ဂျပန်မှာ အကြီးဆုံး လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီဖြစ်တဲ့ ကန်စိုင်း အီလက်ထရောနစ် ပါဝါကုမ္ပဏီလက်အောက်က တာကာဟာမား နျူကလီးယား စက်ရုံရဲ့ ဓာတ်ပေါင်းဖို့ နှစ်လုံးကို ဒီအတိုင်း ဆက်ပိတ်ထားဖို့ ဆုံးဖြတ်လိုက်တာပါ။ ဖူကူရှီးမား နျူကလီးယား ကပ်ဘေးအလွန်အပြီး ပိတ်ထားတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေကို လေးနှစ်အကြာမှာ ပြန်ဖွင့်နိုင်ဖို့ ၀န်ကြီးချုပ် ရှင်ဇို အာဘေးက တွန်းအားပေးနေပေမယ့် တရားရုံးက တားဆီးလိုက်တာလည်းဖြစ်ပါတယ်။ တရားရုံးဆုံးဖြတ်ချက်ကြောင့် အပြင်ဘက်မှာ စောင့်နားထောင်နေတဲ့ ဒေသခံတွေ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြပါတယ်။ တာကာဟာမာ နျူးကလီးယား ဓာတ်ပေါင်းဖိုဟာ ဂျပန်ပြည် အနောက်ပိုင်းမှာ တည်ရှိတာဖြစ်ပြီး  သတ်မှတ်ထားတဲ့ ဘေးကင်းလုံခြုံရေး စံနှုန်းတွေ ပြည့်စုံရင် ဒီနှစ်ထဲမှာ ပြန်လည်ပတ်ဖို့ စီစဉ်ထားတာပါ။ ဖူကူရှီးမား ကပ်ဘေးမတိုင်ခင်က ဂျပန်ပြည် လျှပ်စစ်လိုအပ်ချက်ရဲ့ သုံးပုံတပုံလောက်ကို ထုတ်ပေးနေတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံတွေကို ပြန်ဖွင့်နိုင်ရေးဟာ တိုင်းပြည် စီးပွားရေးတိုးတက်မှုကို အရှိန်မြှင့်နိုင်မယ့် အရေးအကြီးဆုံး ကိစ္စရပ်ဖြစ်တယ်လို့ ဂျပန် ၀န်ကြီးချုပ်က ယုံကြည်ထားတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up