နစ်မြုပ်ရုရှားသင်္ဘောက မြန်မာရုပ်အလောင်းများ ဒီနေ့ရောက်မည် (ဓာတ်ပုံ)
DVB
·
April 16, 2015
ရုရှားသင်္ဘောနစ်မြုပ်ရာမှာ သေဆုံးသွားတဲ့ မြန်မာအလုပ်သမား ၁၆ ဦးရဲ့ ရုပ်အလောင်းတွေကို လေယာဉ်နဲ့ဒီနေ့ ပြန်လည်သယ်ဆောင်လာမှာဖြစ်တာကြောင့် မိသားစုဝင်တွေ ရန်ကုန်လေဆိပ်မှာ စောင့်ဆိုင်းနေကြပါတယ်။
သဘောင်္သား ၁၃၀ ကျော်ပါဝင်တဲ့ ရုရှားငါဖမ်းသင်္ဘော ဒဲလ်နီ ဗော့စ်တော့ဟာ ဧပြီ ၂ ရက်နေ့က ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း အိုခေါ့ရှပင်လယ်ထဲမှာ နစ်မြုပ်သွားခဲ့တာပါ။
သင်္ဘောပေါ်မှာ မြန်မာသင်္ဘောသား ၄၂ ယောက် လိုက်ပါသွားခဲ့ပြီး အသက် ရှင်သူ ၂၂ ဦး ပြီးခဲ့တဲ့ ရက်က ပြန်ရောက်လာပြီ ဖြစ်ပါတယ်။ သေဆုံးသူ ၁၆ ဦးရဲ့ ရုပ်အလောင်းတွေကို လေယာဉ်စင်းလုံးငှားပြီး ဒီနေ့ ပြန်သယ်လာမှာ ဖြစ်ပြီး ၄ ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
ဓာတ်ပုံ - အောင်ကြီး
[gallery ids="89552,89553,89554,89555,89556,89557,89558,89559,89560"]