A d v e r t i s e m e n t With Us

ဒေါ်ခင်ကြည်​ကွယ်လွန်ခြင်း ၂၂ နှစ်​ပြည့် ဘာသာ​ပေါင်းစုံ​ဝတ်ပြု​ဆုတောင်းပွဲ ကျင်းပ

အေးနိုင် ၂၇ ဒီဇင်ဘာ ၂ဝ၁ဝ - အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၂ နှစ်ပြည့်မြောက်တဲ့ ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က မိခင်ကြီးကိုရည်စူးပြီး နေအိမ်မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပပါတယ်၊ မနက်ပိုင်းမှာ ဆရာတော်တွေကို ဆွမ်းသင်္ကန်းဆက်ကပ်လှူဒါန်းတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။ “မနက်ဆယ်နာရီခွဲမှာ ရွှေတောင်ကုန်းသာသနာ့ရိပ်သာက ဆရာတော် ဘုရားကြီး ဦးပÀိတ ဘိဝံသနဲ့ ဆရာတော် သံဃာတော်လေးပါး၊ နောက် ချမ်းမြေ့ဆရာတော် ဘုရားကြီး ရှင်ဇနကာပိဝံသနဲ့ ဆရာတော်သံဃာတော် လေးပါး၊ စုစုပေါင်း ဆရာတော် သံဃာတော် ၁ဝ ပါးတို့ကို နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပါတယ်။ သင်္ကန်းလည်း ကပ်လှူပါတယ်။ နောက် ဆရာတော် ဘုရားကြီးများထံမှ တက်ရောက်လာကြတဲ့ မိသားစုဝင် ဧည့်သည်တွေက ငါးပါးသီလ ဆောက်တည်ပြီးတော့ တရားဘာဝနာများ နာကြားပါတယ်။” နေ့ခင်းပိုင်းမှာ ဘာသာပေါင်းစုံဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့တာနဲ့ပတ်သက်လို့လည်း  ဦးအုန်းကြိုင်က အခုလိုပြောပါတယ်။ “အဲဒီမှာ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဦးအာဆာကိုလေးနဲ့ ခေါင်းဆောင်တဲ့ ခရစ်ယာန်အဖွဲ့၊ ဆရာဦးခင်မောင်ရွှေ ခေါင်းဆောင်တဲ့ ခရစ်ယာန်အဖွဲ့၊ သိက္ခာတော်ရ ဆရာကြီး ရာဂျီနဲ့ ခေါင်းဆောင်တဲ့ ±ိုမန်ကက်သလစ် ဆုတောင်းအဖွဲ့၊ အစ္စလာမ် ကမBာ့ဗိမာန်ရဲ့ ဦးဆောင် အဖွဲ့ဖြစ်တဲ့ ဦးအေးလွင်အဖွဲ့၊ ဦးလှအောင် ခေါင်းဆောင်တဲ့ ဟိန္ဒူဘာသာရေးအဖွဲ့တို့ကလည်း အလှည့်ကျ ဆုတောင်းခဲ့ကြပါတယ်။” ဘာသာရေးပိုင်းဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ မေတ္တာရပ်ခံချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ မိခင်ကြီးဒေါ်ခင်ကြည်ရဲ့ ကျေးဇူးကို အကျဉ်းချုပ် ပြန်ပြောင်းပြောခဲ့ပါတယ်။ ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးလိုက်ပါပြီး ဆွေးမျိုးအသိုင်းအဝိုင်းတွေနဲ့အတူ ရွှေတိဂုံဘုရား ခြေတော်ရင်းမှာရှိတဲ့ မိခင်ကြီး ဒေါ်ခင်ကြည်အုတ်ဂူမှာ သွားရောက်ဂါရဝပြုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up