Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ၆ ပွင့်ဆိုင် အလားအလာ အမြင်စုစည်းချက်
အေးနိုင်
·
April 13, 2015
နိုင်ငံတ၀န်း အတာသင်္ကြန် ရေသဘင်ပွဲဆင်နွှဲချိန်လွန်မြောက်တဲ့ လာမယ့်ရက်ပိုင်းအတွင်း မြန်မာ့နှစ်သစ်ကူး အခါသမယကို ချဉ်းနင်းဝင်ရောက်တော့မှာဖြစ်ပါတယ်။ နှစ်ဟောင်းမှာ အစပြု အကောင်အထည်ဖော်နေ ဆဲဖြစ်ပြီး ပြည်သူလူထုရဲ့ လူနေမှုဘ၀ မျှော်လင့်ချက်တွေအပေါ် ရိုက်ခတ်မှုရှိမယ့် မြန်မာ့ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ၆ပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်စဉ် အပေါ် သဘောထားအမြင်နဲ့ပတ်သက်လို့ အမြင်တချို့ကို စုစည်းတင်ဆက်ပေးထားပါတယ်။ ------------------------------------------------------------------------------------------------ ဒေါ်ဒွဲဘူ (တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူး) “ဒီနှစ်သစ်ကူးကတော့ တကယ်မင်္ဂလာရှိတဲ့နှစ်သစ်ကူးကို ဖြတ်သန်းရမယ့်အချိန်လို့ ကျမ ဒီလိုပဲယုံကြည်ပါ တယ်။ အဲဒီတော့ ဒီနှစ်သစ်မှာဆိုရင် မင်္ဂလာရှိတဲ့လုပ်ငန်းရပ်တွေနဲ့ ဒီနှစ်တနှစ်လုံးကို အသုံးချသွားမယ် ဆိုလို့ရှိရင် ကျမတို့ နိုင်ငံအတွက် နှစ်သစ်နဲ့အတူ ပိုမိုကောင်းမွန်တဲ့ အခွင့်အလန်းတွေ၊ ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေ ဖန်တီးပေးနိုင်မှာပါ။ အဲဒီတော့ ဒီနှစ်သစ်မှာ ငြိမ်းချမ်းရေးလက္ခဏာနဲ့အတူ နှစ်သစ်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့၊ တနှစ်ပတ်လုံး ငြိမ်းချမ်းစွာနဲ့ တိုင်းပြည်အကျိုး၊ ပြည်သူလူထုအကျိုး၊ တိုင်းရင်းသား ပြည်သူ လူထုရဲ့အကျိုးကို အားလုံးက ၀ိုင်းဝန်းပူးပေါင်းပြီးမှ သည်ပိုးနိုင်ပါစေလို့ ဆုတောင်းပါတယ်။ Dwe Bu“အပွင့်တွေက ၆ပွင့်ပဲဆိုင်ဆိုင်၊ ၄၈ ပွင့်ပဲဆိုင်ဆိုင်ပေါ့နော် အဓိက အရေးကြီးတာ ဆိုလို့ရှိရင် ကျမတို့နိုင်ငံက ယခင် အလွှဲအပြောင်း လုပ်ခဲ့တဲ့ တပ်မတော်က ပါဝင်ပတ်သက် နေတဲ့ ယနေ့တာဝန်ရှိတဲ့ လူတွေနဲ့ လက်ရှိ ကျမတို့အလုပ်လုပ်နေတဲ့သူဟာဆိုလို့ရှိရင် တကယ့် ကို စိတ်ကောင်းစေတနာထားပြီးမှ ကိုယ့်အကျိုးအတွက်ပဲ မကြည့်ပဲနဲ့ပေါ့နော် သူ့အကျိုး၊ ကိုယ့်အကျိုး၊ နိုင်ငံတော် အကျိုး၊ ပြည်သူ လူထု အကျိုးကို ရှေးရှုပြီးမှာ ကျမတို့အားလုံး အကျိုးပါဝင်သွားအောင် ပူးပေါင်းဆောင်ရွက်နိုင်မယ် ဆိုလို့ရှိရင် ကျမတို့တိုင်းပြည်ဟာ အရှိန် အဟုန်မြင့်စွာနဲ့ ရှေ့ ကို လျှောက်လှမ်းနိုင်မှာပါ။ အဲဒီတော့ အပွင့်ဆိုင်တွေဆိုတာ အရေး ကြီးသလို ဒီအပွင့်ဆိုင်တွေကလည်း အားလုံးကို ကိုယ်စားပြုတဲ့ အတွက် အပွင့်ဆိုတာထက်ကို လုပ်ငန်းအောင်မြင်ဖို့၊ ၂ ယောက်ပဲ လုပ်လုပ်၊ ၃ ယောက်ပဲလုပ်လုပ်၊ ၅ ယောက်ပဲလုပ်လုပ်၊ ၆ ယောက်ပဲလုပ်လုပ်ပေါ့နော် ကျမတို့နိုင်ငံအတွက် အကျိုးရှိမှ ထိရောက်အောင်မြင်တဲ့အလုပ် တွေကို ဖော်ထုတ်နိုင်ဖို့က အင်မတန် အရေးကြီး တယ်ဆိုတဲ့အကြောင်းကို ကျမတို့ ကော်မတီအ နေနဲ့ပေါ့နော်၊ ကျမကလည်း တိုင်းရင်းသူတယောက်အနေနဲ့ ဒီလိုမျိုးပဲ ပြောချင်ပါတယ်။ ” --------------------------------------------------------------- ဦးသုဝေ (ဥက္ကဋ္ဌ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)) “ကျနော်တို့ တိုင်းပြည်မှာ အမှန်ကတော့ လွတ်လပ်ရေးရပြီးတယ်ဆိုရင် တယောက်နဲ့တယောက် ချစ်ချစ်ခင်ခင် နဲ့ တိုင်းပြည်ထူထောင်ရေး ဖြစ်သင့်တာပေါ့နော်။ ဒါပေမယ့် ကျနော်တို့ တိုင်းပြည်က လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်သွားတာ နှစ်ပေါင်းလည်း ကြာသွားပြီလေ၊ ကြာသွားတဲ့အခါကျတော့ ကျနော်ထင်တယ် ဒီထဲမှာ ပါဝင်တဲ့ခေါင်းဆောင်တွေကလည်းပဲ အခုဆိုရင် သတိတရားတွေ ပြန်ရပြီးတော့ပေါ့နော် တို့တိုင်းပြည် အတွက် ကောင်းဖို့လုပ်ဖို့သင့်ပြီလို့ နားလည်လာကြပုံရတယ်။ ဒါကြောင့်မို့လို့လည်း ဆွေးနွေး တိုင်ပင်ပြီး၊ ညှိနှိုင်းပြီးတော့ အကောင်အထည်ဖော်ဖို့ပေါ့နော် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးဖို့ လုပ်တာဟာ အင်မတန် သင့်တော်တဲ့အချိန်လည်း ရောက်ပါပြီ။ လူတွေလည်းပဲ သတိတရား ရပြီးတော့ ကောင်းတဲ့ လမ်းစဉ်ကို ရောက်လာပါပြီလို့ အဲဒါ ကျနော် မြင်တယ်ဗျာ။ နှစ်သစ်မှာ ဒီဖြစ်စဉ် (ငြိမ်းချမ်းရေးဖြစ်စဉ်) ကို မြန်မြန်ဆန်ဆန်ကြီး အကောင်အထည်ဖော်စေချင်တာပေါ့နော်။ အဲဒါ မြန်မြန်ဆန်ဆန် အကောင် အထည် ဖော်နိုင်လေ ကျနော်တို့အတွက် ဒါဟာ ရှေ့တလှမ်း မြန်မြန်ရှေ့ကိုရောက်လေပေါ့နော်၊ အဲဒါကြောင့် မို့လို့ သက်ဆိုင်ရာပုဂ္ဂိုလ်များ အချိန်ကို သိပ်ပြီးတော့ နှောင့်နှေးခြင်း မလုပ်ဘဲနဲ့ မြန်နိုင် သမျှမြန် အောင်၊ ခိုင်ခိုင် မာမာလည်းဖြစ်အောင် လက်မှတ်ရေး ထိုးစေချင်တယ်။ အဲဒီကတဆင့်မှ နိုင်ငံရေး ဆွေးနွေးပွဲ ကလုပ်ရမှာ”Thu Wai “၆ပွင့်ဆိုင်ဆွေးနွေးရေးနဲ့ ပတ်သက်လို့ ကတော့ တွေ့ဆုံ ဆွေးနွေးရေး ဆိုတာကတော့ ကောင်းတဲ့ လုပ်ငန်းပဲလေနော်။ တွေ့ပြီး ဆုံပြီးတော့ ဆွေးနွေးတယ်ဆိုတာ တယောက်နဲ့တယောက် အကြောင်း လည်းသိ၊ မြန်မြန် လည်း အောင်မြင်တာပေါ့နော်။ ဘယ်နှစ်ပွင့်ဆိုင်ပဲဖြစ်ဖြစ်ပေါ့လေ တကယ့်တကယ်ပြောရရင်။ ဒါပေမယ့် အခု ၆ ပွင့်ဆိုင် ဆိုတာ ကတော့ လွှတ်တော်ကလည်း သူက အသိအမှတ်ပြုပြီး ဆုံးဖြတ်ထားတာပေါ့နော်၊ နောက်ပြီးတော့ တကယ်အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေချည်းပဲဆိုတော့ ဒါဟာ ပိုပြီးတော့မှ ထိထိရောက်ရောက် ဖြစ်နိုင်တယ်လို့ယူဆတာပေါ့ဗျာ။ ခေါင်းဆောင် ဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေဟာ အရေးကြီး ဆုံးပေါ့နော်။ သူတို့ရဲ့ဂယက်ကတိုင်းပြည်ကို ရိုက်ရမှာလေ။ အဲဒီတော့ ဒီလိုအရေးကြီးတဲ့ပုဂ္ဂိုလ်တွေဟာ တကယ်တမ်း မှန်မှန်ကန်ကန်ဖြစ်နိုင်တဲ့၊ တကယ်လက်တွေ့လုပ်ဖို့သင့်တဲ့ဟာတွေကို ရဲရဲဝံ့ဝံ့နဲ့ပေါ့နော် ကိုယ်ကျိုးတွေမဖက်ဘဲနဲ့ လုပ်သင့်တာပေါ့နော်။ ဒါမှလည်း တိုင်းပြည်က သူတို့ကို အတုယူပြီးတော့ အားလုံးကောင်းအောင် ၀ိုင်းပြီးတော့ လုပ်ကြမှာပေါ့။ အကယ်၍ သူတို့သာ တွန့်ဆုတ် တွန့်ဆုတ်နဲ့ စိတ်ကူး ယဉ်ပြီးတော့ လုပ်နေမယ်ဆိုလို့ရှိရင် ဒီပြသနာဟာ ဘယ်ပြီးနိုင်တော့မှာလဲနော်။ အဲဒါကြောင့်မို့လို့ သူတို့ဟာ အရေးကြီးဆုံးပုဂိုလ်တွေပဲ။ အရေးကြီးဆုံးပုဂ္ဂိုလ်တွေဆိုတဲ့အခါကျတော့ ရဲရဲဝံ့ဝံ့နဲ့၊ သတ္တိရှိရှိနဲ့ ကိုယ်ကျိုး မဖက်ဘဲ တိုင်းပြည်နဲ့ လူမျိုးအတွက်ကို လုပ်ကြပါလို့တော့ တိုက်တွန်းချင်တာပေါ့ဗျာ။” ------------------------------------------------------------------------------------------ ဦးဝင်းမြင့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ) “ကျနော်တို့က NCA (တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်) လက်မှတ် မထိုး ခင်ပေါ့နော် တိုင်းရင်းသားတွေက သူတို့ရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေါ့နော် တန်းတူညီမျှတဲ့ အခွင့် အရေးတွေ ရဖို့လည်း လိုတာပေါ့နော်။ နောက်တခုက NCA လက်မှတ်ထိုးမယ် ဆိုလို့ရှိရင်လည်း နှစ်ဘက် တရားမျှတမှုရှိဖို့လည်းလိုတယ်လေ။ ဒါမှလည်း NCA က ထိုးဖြစ်မှာကိုး။ နောက်တခုက ကျနော်တို့က NCA ကြောင့် ဖွဲ့စည်းပုံအခြေခံဥ ပဒေပြင် ဆင်ရေးတို့၊ လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက် ပွဲ ဖြစ်မြောက်ရေးတို့၊ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးတို့၊ အဲဒီဟာတွေကိုလည်း နှောင့်နှေးကြန့်ကြာစေတဲ့ ဟာမျိုးတော့လည်း မဖြစ်သင့်ဘူး” Win Myint“၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်လို့ ကျနော့်အမြင်ကတော့ ကျနော်တို့က ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို သွားမယ်လို့ တာဝန်ရှိ သူအားလုံးက ဒါကတော့ တညီတညွတ်တည်း ပြောနေကြတာကိုး။ တညီ တညွတ် တည်းပြောနေကြတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို သွားမယ်ဆိုရင် ဒီမိုကရေစီကျင့်စဉ်တွေပါတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြုပြင်ပြောင်းလဲဖို့လည်း လိုတာပေါ့။ ဒီမိုကရေစီအသွင် ကူးပြောင်းရေးသွားမယ်ပြောပြီးတော့ ဒီမိုကရေစီ ကျင့်စဉ်တွေပါတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဟုတ်ဘူးဆိုလို့ရှိရင် ပြည်သူလူထုကြီးရဲ့ သဘောထားနဲ့ ထင်ဟပ်မှာ မဟုတ်ဘူးလေ။ ပြည်သူလူထုသဘောထားနဲ့ ထပ်တူထပ်မျှဖြစ်မှာ မဟုတ်ဘူး။ အဲဒါမျိုးကလည်း မဖြစ်သင့်ဘူး။ တကယ်တမ်းတိုင်းပြည်ကို တည်ငြိမ်အေးချမ်း စေ ချင်တယ်၊ နောက်တခါ ဖွံ့ဖြိုးတိုးတက်စေချင် တယ်ဆိုလို့ရှိရင်တော့ ဒီမိုကရေစီကျင့်စဉ်တွေပါတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်ဖို့ ကို ပြုပြင်ပြောင်းလဲဖို့ လိုတယ်။ နောက်တခုက ဖွဲ့စည်းပုံအခြေခံဥပ ဒေ ပြုပြင်ပြောင်းလဲတာကလည်း ဘယ်လိုပဲကြည့်ကြည့် ခုနပြောသလို လွတ်လပ်ပြီးတရားမျှတ တဲ့ရွေးကောက်ပွဲနဲ့က ဆက်နွယ်နေ တာကိုး။ ရွေးကောက်ပွဲက လွတ်တော့လွတ်လပ်မယ်၊ တရားမျှတမှုမရှိဘူးဆိုတာဗျာ ဥပမာ-လွတ်လပ် တာတော့ လွတ်လပ်တယ်။ လွတ်လွပ်လပ်လပ် မဲပေးကြ ဒါတော့ ပေးခွင့်ပြုမယ်။ တရားမျှတမှုမရှိဘူးဆိုတာက စည်းကမ်းကလနားတွေ ကန့်သတ်ထားတဲ့ဟာ၊ အကန့်အသတ်၊ အပိတ်အပင်၊ တားမြစ်ဟန့်တားမှုက တဦး တယောက်ကိုတော့ ဒီလို ကန့်သတ် တားမြစ်ပိတ်ပင်ပြီးတော့ ကျန်တဲ့လူတွေကို တော့ ဒီအခွင့်အရေး မရှိဘူးဆို ဒါ အစကတည်းက တရားမျှတမှုမရှိဘူးဆိုတာ ပေါ်လွင်နေပါတယ်။ ဒါမျိုးမဖြစ်သင့်ဘူးပေါ့နော်။ ဒါမျိုးဖြစ်လာလို့ရှိရင်လည်း၊ ဒါမျိုးမဖြစ်သင့်တာ ကို ဖြစ်သွားလို့ရှိရင် တိုင်းပြည်သူလူထုက သူတို့ရဲ့ဆန္ဒ သဘောထားတွေနဲ့ ထပ်တူ ထပ်မျှမကျရောက်ဘူးဆိုလို့ရှိရင် တိုင်းပြည်မှာ တည်ငြိမ်အေးချမ်းမှုတွေကို ပျက်ပြားမှာလည်း ကျ နော်တို့က မလိုချင်ဘူးလေ။ ဒါကြောင့်မို့ တိုင်းပြည်ကို တကယ်တမ်း တည်ငြိမ်အေးချမ်းစေ ချင်တယ်၊ ဖွံ့ဖြိုးတိုးတက်စေချင် တယ် ဆိုရင်တော့ ဒီမိုကရေစီကျင့်စဉ်တွေပါတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖြစ်သင့်ပြီးတော့ လွတ်လပ်ပြီး တရား မျှတတဲ့၊ တရားမျှတတယ်ဆိုတာ သူ့ဘက် ကိုယ့်ဘက် မျှမျှတတနဲ့ ဖြစ်မြောက်တဲ့ ရွေးကောက်ပွဲ မျိုးကိုပဲ ဖြစ်စေ ချင်တယ်။ --------------------------------------------------------------------------------------- ဦးမြအေး (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) “အခုကတော့ဗျာ အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းနဲ့ပတ်သက်ပြီးတော့မှ အန်စီစီတီ (တိုင်းရင်းသား လက်နက်ကိုင်များရဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့) နဲ့ ယူပီဒဗလျူစီ (ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ) က ယေဘုယျအားဖြင့် သဘောတူညီချက် လက်မှတ်ကို ထိုးထားပြီးဖြစ်တယ်လေ။ ဒါကို ဆက်ပြီး အကောင်အထည်ဖော်ပြီးတော့ တိုင်းရင်းသားတွေ အနေနဲ့က တိုင်းရင်းသားညီလာခံတရပ်ကို ခေါ်ယူမယ်၊ သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ခေါင်းဆောင်တွေကို တင်ပြမယ်။ အတည်ပြုချက်ယူပြီးတော့မှ အစိုးရနဲ့လက်မှတ် ထိုးမယ်ဆိုတဲ့ အခြေအနေပဲကျန်တော့တယ်လေ။ ဒီတော့ ဒီအခြေအနေကို သုံးသပ်ကြည့်မယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် လက်မှတ်ထိုးဖို့အခြေအနေကတော့ ၉၀ ရာခိုင်နှုန်းလောက်က သေချာသလောက် ရှိနေပြီလို့ ကျနော်က သုံးသပ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အန်စီစီတီမှာပါတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေမှာ အရေးပါ အရာရောက်တဲ့ အခန်းကဏ္ဍမှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဖြစ်နေတယ်လေ။ ဒီကြားထဲမှာ ကျနော်တို့ အဖြစ်နိုင်ဆုံး လက်မှတ်ထိုးပွဲ ဖြစ်လာအောင်ဆိုရင် တော့ တိုက်ပွဲအရှိန်တွေ လျော့ချဖို့တော့လိုမယ် ထင်တယ်။ ဘာမှမဟုတ်တဲ့ တိုက်ပွဲအရှိန်တွေ မြင့်တက်လာတဲ့ကိစ္စက လက်မှတ်ထိုးတဲ့ဖြစ်စဉ်ကြီးကို ကသောင်း ကနင်း ဖြစ်သွားနိုင်တယ်လို့ ကျနော်တော့ သုံးသပ်တယ်။ ဒီအခြေအနေတချက်ကလွဲလို့ရှိရင် ကျန်တဲ့ဟာ ကတော့ ကောင်းတယ်လို့ သုံးသပ်ပါတယ်။ အဲဒါကြောင့်မို့လို့ နှစ်သစ်မှာတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ စနိုင်ဖို့အတွက် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုတဲ့ အဆင့်ကို နှစ်သစ်နဲ့ အတူ ကျော်ဖြတ်နိုင် ရင်တော့ ကောင်းပါတယ်။ အဲဒီတော့ ကျနော်က အဓိက ကတော့ဗျာ သတိပြုစေချင်တဲ့အချက်က အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုခြင်းသည် ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့အစပဲဖြစ်တယ်၊ ငြိမ်းချမ်းရေးရသွားတာ မဟုတ်ဘူး ဆိုတာတော့ နားလည် စေချင်တယ်။ ငြိမ်းချမ်းရေးရဖို့ဆိုလို့ရှိရင်တော့နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ကတဆင့် တိုင်းရင်းသားတွေလိုချင်တဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ဘယ်လိုတည်ဆောက်ကြမလဲ ဆိုတဲ့ အဖြေတွေ ထွက်လာမှသာလျှင် ငြိမ်းချမ်းရေးအဆင့်ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒါကတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကျ နော့်ရဲ့အမြင်ပါခင်ဗျ။” Ko-Mya-Aye1“၆ ပွင့်ဆိုင်ဆိုတဲ့ ဆွေးနွေးပွဲရဲ့ အခြေအနေမှာတော့ တခြား ၄၈ ပွင့်ဆိုင်တို့ ဘာတို့နဲ့ မတူ ညီတဲ့အခြေအနေ ရှိတယ်ဗျ။ အဲဒါ ဘာလဲဆိုတော့ ၆ ပွင့်ဆိုင် ဆိုတာ ပြည်ထောင်စု လွှတ်တော်က တောင်းဆိုတဲ့ ဆုံးဖြတ်ချက်တခုဖြစ်နေတယ်လေ။  ခြောက်ပွင့်ဆိုင်ဟာ အမှန်တကယ်ပြောမယ်ဆိုရင် ဒီထက်ပိုပြီးစောပြီးဖြစ်ရ မယ်လို့ မြင်တယ် ခင်ဗျ။ ဒါကတော့ အခြေအနေ အကြောင်းကြောင်းကြောင့်နှောင့်နှေးကြန့်ကြာပြီး ခုတော့ ဖြစ် သွားပြီပေါ့ဗျာ။ သို့သော်လည်း မြန်မာနိုင်ငံရဲ့ပြဿနာကို ဖြေရှင်း တဲ့အခါမှာ ၆ပွင့်ဆိုင် အရေးကြီးသလို၊ ၆ ပွင့်ဆိုင်မျှလောက်နဲ့တော့ မလုံလောက်ဘူးလို့ ကျနော်ထင်တယ်လေ။ ဒါက တဆင့်ချင်း၊ တဆင့်ချင်း ၆ ပွင့်မှာပါတဲ့ Stake Holder (သက်ဆိုင်တဲ့သူ) တွေအနေနဲ့လည်း သိပါတယ်၊ မြင်လည်းမြင်ပါ တယ်။ တဆင့်ချင်းတဆင့်ချင်း တိုးချဲ့ပြီးတော့မှ သွားရမယ်လို့ မြင်ပါလိမ့်မယ်။ အဲ ဒီလို တိုးချဲ့သွားတဲ့အခါ တဖက်က စောစောက ပြောခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကတဆင့် ဖြစ်ပေါ် လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ဘယ်လိုချိတ်ဆက်သွားမလဲဆိုတဲ့ အခြေအနေက နိုင်ငံ တခုကို နိုင်ငံပြုမယ့်ဆွေးနွေးပွဲကြီးတခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်လေ။ အဲဒီဟာကတော့ ချိတ်ဆက်နိုင်ဖို့ကတော့ လိုမယ်လို့ ထင်ပါတယ်။ နောက်တခုက အစိုးရပဲဖြစ်ဖြစ် အားလုံးကို ညွှန်းချင်ပါတယ်။ အပွင့်တွေ ဘယ်လောက်ပဲဆိုင်ဆိုင် တကယ် တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို လုံးစေ့ ပတ်စေ့သေသေချာချာမသုံးသပ် မဆုံးဖြတ်နိုင်ဘူးဆိုလို့ရှိရင် အပွင့် ဆိုင်တာဟာ ဆိုင်တာပဲ ရှိပါလိမ့်မယ်။ ရလဒ်ကောင်းတွေ ထွက်မှာ မဟုတ်ပါဘူး။ အဲဒီတော့ရလဒ်ကောင်းတွေ ထွက်ဖို့ ဆိုလို့ရှိရင် လက်ရှိ ၂ ပိုင်းခွဲပြောမယ်ဆိုရင် တဖက်က ပြည်တွင်းငြိမ်း ချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘယ်လိုအကျိုး သက်ရောက်မှုတွေ ရှိစေတဲ့ ဖြစ်စဉ်တွေကို ဖန်တီးမလဲဆိုတာကို အဖြေရှာရမှာဖြစ်သလို တဖက်ကလည်း အချက်အလက် အစ်ရှူးတွေဖြစ်တဲ့ ကျောင်းသားအရေး၊ အလုပ်သမား အရေး၊ လယ်သမား အရေး အစရှိတဲ့ ပြဿနာတက်မှုတွေအကုန်လုံးကိုလည်း ဆင်ခြင်သုံးသပ်နိုင်စွမ်း ရှိဖို့လိုမယ် လို့ မြင်ပါ တယ်။ နောက်တချက်က တပြိုင်နက်တည်း ပြောချင်တာကတော့ဗျာ ကျနော်တို့အချင်းချင်း နိုင်ငံမှာ အချင်း များမှု ပြဿနာ ဖြစ်မှုတွေနဲ့ သွားမှာလား။ ဒါမှမဟုတ်လို့ရှိရင် အစိုးရသုံးနေတဲ့ စကားလုံးကိုပဲ ပြန်သုံးပေး ပါမယ်၊ နိုင်ငံရေးယဉ်ကျေးမှုအသစ်ခေါ်တဲ့ တွေ့ဆုံဆွေးနွေးပွဲကို တကယ် စိတ်စေတနာပါပါ လိုလိုလားလားရှိရှိ ကျင့်သုံးပြီးတော့ ကျနော်တို့ သွားကြမှာလား ဆိုတာ Stake Holder (သက်ဆိုင်တဲ့သူများ) ဆုံးဖြတ်ရမယ့်ကိစ္စပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024