ကလေးကာကွယ်ဆေးမထိုးပါက မိဘအကျိုးခံစားခွင့် သြစတြေးလျ အစိုးရ ဖြတ်တောက်မည်

သြစတြေးလျ မိဘအုပ်ထိန်းသူတွေက ကလေးတွေကို ကာကွယ်ဆေးမထိုးပေးရှု အမေရိကန် ဒေါ်လာ ၁၁၅၀၀ တန်ကြေးရှိတဲ့ အကျိုးခံစားခွင့်ကို ဖြတ်တောက်မယ်လို့  ၀န်ကြီးချုပ် တိုနီအဘတ်က ပြောပါတယ်။ ကလေးတွေနဲ့ သူတို့ရဲ့ မိသားစုတွေ ရောဂါဘယ ကင်းဝေးအောင် အရေးတကြီး ဆောင်ရွက်ရတဲ့ ကိစ္စ ဖြစ်တယ်လို့ ၀န်ကြီးချုပ်တိုနီအဘတ်က ဧပြီ ၁၂ ရက်က သတင်းထောက်တွေကိုပြောဆိုခဲ့တယ်လို့ ရိုက်တာ သတင်းမှာ ရေးပါတယ်။ အရင်နှစ်တွေက ကာကွယ်ဆေးမထိုးကြတဲ့ ကလေး အရေအတွက် သိသိသာသာ များပြားလာတဲ့ အတွက် အခုလို စီစဉ်ရတာလိုပ သူက ပြောပါတယ်။ ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း ကလေးသူငယ် ၄ သောင်းမှာ ၁ သောင်းခွဲလောက်ပဲ ကာကွယ်ဆေးထိုးတယ် ဆိုတာ ကောက်ခံရရှိတဲ့စာရင်းတွေအရ တွေ့ရှိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up