အာမေးနီးယန်း ၁.၅ သန်း အသတ်ခံရမှု ပုပ်ရဟန်းမင်းကြီးပြောဆိုချက် အမုန်းတရား နှိုးဆော်ဟု တူရကီပြော

လွန်ခဲ့တဲ့ နှစ် ၁၀၀က အာမေးနီးယန်း ၁.၅ သန်း အသတ်ခံရတဲ့ကိစ္စကို ၂၀ ရာစုရဲ့ ပထမဆုံး လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုလို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ပြောဆိုချက်ဟာ အမုန်းတရားကို နှိုးဆော်တာလို့ တူရကီက စွပ်စွဲလိုက်ပါတယ်။ ပထမကမ္ဘာစစ်အတွင်း အာမေးနီးယားခရစ်ယာန်ဘာသာဝင် ၁.၅ သန်းလောက် အော်တိုမန် တူရကီ တပ်ဖွဲ့ဝင်တွေ သတ်ဖြတ်ခံရတဲ့ အောက်မေ့ဖွယ် ဆုတောင်းပွဲကို ဧပြီ ၁၂ ရက်က  ဗာတီကန်မြို့တော် ရိုမန် ကတ်သလစ်ဘုရားကျောင်းမှာ ကျင်းပခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က“ပြီးခဲ့တဲ့ရာစုနှစ်အတွင်း လူသားတွေ လူမျိုးတုံးသတ်ဖြတ်မှု ၃ ကြိမ် ကျူးလွန်ခဲ့ကြတယ်။ ပထမဆုံးတကြိမ်ကတော့ ခရစ်ယာန်နိုင်ငံအဖြစ် ကမ္ဘာပေါ်မှာ ပထမဆုံး တရားဝင်ကြေညာခဲ့တဲ့ အာမေးနီးယား လူမျိုးတွေကို လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်တယ်။”လို့ ပြောဆိုပါတယ်။ ဒီအခမ်းအနားမှာ လူမျိုးတုံးသတ်ဖြတ်မှုလို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောဆိုခဲ့တဲ့အတွက် ရိုမန်ကက်သလစ် ဘုရားကျောင်းအကြီးအကဲ တဦးအနေနဲ့ ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှု ဖြစ်လာပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ ပြောဆိုချက်ဟာ သမိုင်းကြောင်းတွေနဲ့ ကွဲလွဲနေတဲ့ အတွက် လက်မခံနိုင်ဘူးလို့ တူရကီနိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုခဲ့ပါတယ်။ ၁၉၁၅ ခုနှစ် အိုတိုမန် စစ်သားတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ အတွက် အာမေးနီးယန်း ခရစ္စယာန်တွေ သေဆုံးခဲ့ရတာကို တူရကီက မွတ်စလင်တွေက လက်ခံပေမယ့် သိန်းသောင်းချီသေဆုံးတာကိုတော့ ငြင်းဆန်ထားပါတယ်။ ဆုတောင်းပွဲကို အာမေးနီးယားနိုင်ငံ ဘာသာရေးဥသျှောင်တွေကိုလည်း ပုပ်ရဟန်းမင်းကြီးက ဖိတ်ကြားခဲ့ပြီး အာမေးနီးယန်း ကတ်သလစ်ခရစ်ယာန်သာသနာဂိုဏ်းချုပ် ဒုတိယမြောက် ကာရီကင် (၂) တက်ရောက်ခဲ့ပါတယ်။ [gallery ids="89347,89346,89348,89349"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up