ဘောလုံး ကျွမ်းကျင်သူများ၏ မန်ယူနှင့် မန်စီးတီး ပွဲကြို ခန့်မှန်းချက်

ဧပြီ ၁၂ ရက် ညမှာတော့ အင်္ဂလန် ပရီးမီးယားလိဂ်က ဒါဘီမြို့ခံ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။ ကာလကြာ မြို့ခံပြိုင်ဘက်တွေ ဖြစ်ခဲ့သလို ဒီနှစ် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၃ နေရာ မန်ယူနဲ့ အဆင် ၄ နေရာမန်စီးတို့ကိုရဲ့ ပွဲဟာ အကြိတ်အနယ်ရှိမှာဖြစ်ပါတယ်။ ဒီပွဲမှာ မန်ယူအသင်းက တိုက်စစ်မှူး ဗန်ပါစီကတော့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် မပါဝင်နိုင်သလို နောက်ခံလူ ခရစ္စစမောလင်းကလည်း နေမကောင်းတဲ့အတွက် ပါဝင်ဖို့ မသေချာဖြစ်နေပါတယ်။ ဒါ့အပြင် လူးကပ်ရှောကလည်း ဒဏ်ရာရထားတယ်လို့ သတင်းတွေက ရေးပါတယ်။ မန်စီးတီးအသင်း ခေါင်းဆောင် ကွန်ပနီ ပါဝင်နိုင်ဖို့ရှိပေမယ့် မသေချာသေးသလို ရှေ့တန်းတိုက်စစ်မှူး ဘိုနီကလည်း ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ရှေ့တန်းက ဂျိုဗစ်တစ်ကလည်း ဒီပွဲနဲ့ လွဲချော်မှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်း နည်းပြ ပယ်လီဂရီနီကတော့၂၀၁၅ ခုနှစ်က ကောင်းတဲ့နှစ်တခု မဟုတ်ပေမယ့် မန်ယူကို ၅ ပွဲဆက်တိုက် အောင်ပွဲခံဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။ မန်ယူနည်းပြ ဗန်ဂေါကတော့ မြိုခံပြိုင်ဘက်နဲ့ကစားတဲ့ပွဲကို အနိုင်ရဖို့ မျှော်လင့်ထားကသလို ကစားသမားတွေကလည်း အောင်ပွဲကို အိပ်မက်မက်နေတယ်လို့ ပြောပါတယ်။ ဘောလုံးပြိုင်ပွဲတွေကို ခန့်မှန်းတဲ့ ရော်ဘီဆားဗေ့ကတော့ အကြောင်း ၂ ချက်နဲ့ မန်ယူက အနိုင်ရမယ်လို့ ဘီဘီစီသတင်း ဆောင်းပါးမှာ ရေးပါတယ်။ ပထမသူ့ရဲ့ အကြောင်းပြချက်ကတော့ တော့တင်ဟမ် လီဗာပူးလ် အသင်းတွေကို အနိုင်ကစားထားတဲ့ မန်ယူရဲ့ တိုက်စစ် စွမ်းဆောင်မှုက တိုးတက်လာသလို ကစားသမားတွေက ယုံကြည်မှု အပြည့်ရှိနေပေမယ့် မန်စီးတီးအသင်းကတော့ မန်ယူနဲ့ ဆန်ကျင်ဘက် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒုတိယအကြောင်းပြချက်ကတော့ မန်စီးတီးအသင်းက ထိပ်တန်း အသင်းတွေနဲ့ ယှဉ်လိုက်ရင် ဘောလုံးပိုင်ဆိုင်မှုအသာ ပေးပို့မှု တိကျပေမယ့် ရှေ့တန်းက ပြောသလောက် အလုပ်မဖြစ်ဘူးလို့ ဆိုပါတယ်။ မန်ယူကလည်း အသားစီးရတဲ့ ဘောလုံးပိုင်ဆိုင်မှုကို ထိုးဖောက်ဖို့ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်း ပွဲတွေမှာ ဒါကို ပြောင်းလဲနိုင်ခဲ့တယ်လို့ အကြောင်းပြပါတယ်။ ဒါအပြင် စီးတီးနောက်ခံလူ ကွန်ပနီနဲ့ ဒီမက်ချဲလစ်တို့ အတူ အရင်ရာသီက ကစားတဲ့ ပွဲ ၂၀ မှာ ၁ ပွဲပဲ ရှုံးခဲ့ပေမယ့် ဒီရာသီမှာတော့ ဒဏ်ရာတွေကြောင့် သူတို့ အတွဲဟာ မယုံကြည့်ရဘူးလို့ ဆိုပါတယ်။ စီးတီးက ချန်ပီယံ ကာကွယ်ဖို့ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ရပြီး ဖြစ်သလို ဒီရာသီကို ကောင်းကောင်းပြီးဆုံးဖို့ ရည်မှန်းချက်ပဲ ရှိတော့တယ်လို့လည်း သူက ထောက်ပြပါတယ်။ ဒီပွဲမှာ စီးတီးကစားသမားတွေဖြစ်တဲ့ ယာယာတိုရေးတို့က အဆုံး အဖြတ်ပေးသွားနိုင်သလို အရင် အတိတ်ကာလက အိုးထရက်ဖိုဒ်ကွင်းမှာလည်း လုပ်ပြသွားတာတွေ ရှိတဲ့ အတွက် သရေကျမယ်လို့ တခြားဘောလုံးပွဲ ကျွမ်းကျင်သူ လော်ရိုက ခန့်မှန်းထားပါတယ်။ တခြား ဘောလုံးပွဲခန့်မှန်းတဲ့ ဂျက်စတင်ကတော့ ဒီဂီယာက အကောင်းဆုံး ဂိုးသမားဖြစ်သလို အက်ရှ်လေယောင်းနဲ့ ဖယ်လာနီတို့က ခြေစွမ်းတွေ ပြနေတဲ့ အတွက် မန်ယူက အနိုင်ရသွားမယ်လို့ ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up