မူဆယ် မူးယစ်ရဲတပ်ဖွဲ့က ရဲအုပ် ၂ ဦး ဗုံးကြောင့် သေဆုံး

ျေူရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မူးယစ်အထူးတပ်ဖွဲ့က ရဲအုပ်၂ယောက်ဟာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး လုပ်ငန်းလုပ်ဆောင်ရင်း ထောင်မိုင်းလို့ယူဆရတဲ့ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ပါတယ်။ ဧပြီလ ၁၁ ရက်ညနေ ၄ နာရီလောက်က မူဆယ်မြို့နယ်၊ လုံခန်ကျေးရွာအ၀င် ညောင်ပင်အနီးမှာ မူးယစ်ရဲတပ်ဖွဲ့က ပုံမှန်စစ်ဆေးမှုပြုလုပ်ဖို့ သွားရောက်စဉ် ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ရဲအုပ်စိုးဝင်းနိုင် (၄၀) နှစ်နဲ့ ရဲအုပ်စိုင်းကျော်မြင့်ထွန်း (၃၂) နှစ်တို့ ၂ ဦး သေဆုံးခဲ့တာလို့ တာဝန်ကျရဲတပ်ကြပ်ကြီး ၀င်းမင်းသိန်းက ပြောပါတယ်။ “ကျနော်တို့ဆီက ရဲအုပ်စိုးအောင် ဦးစီး ၆ ယောက်၊ ရဲအုပ်စိုင်းကျော်မြင့်ထွန်း ဦးစီး ၆ ယောက် အဲ့ဒီအဖွဲ့တွေ သွားတာ၊ သွားတော့ ရဲအုပ်စိုးဝင်းနိုင်၊ ရဲအုပ်စိုင်းကျော်မြင့်ထွန်းတို့ ပေါက်ကွဲတဲ့နေရာမှာပဲ ပွဲချင်းပြီး သေပါတယ်၊ အခြားအဆင့် ၃ယောက် ဒဏ်ရာရပါတယ်။” ဗုံးပေါက်ကွဲပြီး လူသေဆုံးမှုအတွက် မူဆယ်ရဲစခန်းမှာ အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးတုန်းလို့ ပြောပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း မူဆယ်မြို့နယ်ထဲ ပေါက်ကွဲမှု ၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပေမယ့် လူသေဆုံးတာ မရှိဘဲ ဒဏ်ရာရတာပဲ ရှိခဲ့ဖူးပါတယ်။ ပေါက်ကွဲမှုတွေကို ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ခြင်းလည်း မရှိပါဘူး။ မူဆယ်မှာ မူးယစ်ရဲတပ်ဖွဲ့ဝင်တွေ တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့တာမျိုးလည်း အရင်က မဖြစ်ခဲ့ဖူးဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up