ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မစ်ဝါဒီ အတိုက်အခံခေါင်းဆောင်ကို ကြိုးပေးကွပ်မျက်

ဘင်္ဂလာဒေ့ရှ် ခွဲထွက်ရေး စစ်ပွဲအတွင်းက စစ်ရာဇ၀တ်မှုအတွက် ဘင်္ဂလားဒေ့ရှ်မှာ အစ္စလာမ္မစ်ဝါဒီ အတိုက်အခံ ခေါင်းဆောင် မိုဟာမက် ကာမာရူဇာမန်းကို ဧပြီ ၁၀ ရက်နေ့က ကြိုးပေးကွပ်မျက်ပါတယ်။ အတိုက်အခံခေါင်းဆောင်ဟာ အသက် ၆၃ နှစ်အရွယ် ဖြစ်ပြီး ဂျမား အီ အစ္စလာမ္မီ ပါတီက ခေါင်းဆောင်ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်က ပါကစ္စတန်ကနေ ဘင်္ဂလားဒေ့ရှ် ခွဲထွက်တဲ့ စစ်ပွဲအတွင်းက အရပ်သားတွေကို ညှဉ်းပန်းနှိပ်စက်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအတွက် အထူးခုံရုံးဖွင့်ပြီး သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ သေဒဏ်အယူခံကို  ဗဟိုတရားရုံးချုပ်ကလည်း ပယ်ချခဲ့ပြီးနောက်  ဒါကာမြို့က ဗဟိုထောင်ကြီးမှာ သေဒဏ်ပေးလိုက်တာဖြစ်ပါတယ်။ သူ့ကို ထောက်ခံသူတွေက ဒေါသထွက်နေကြတာကြောင့် ထောင်မှာ လုံခြုံရေး တိုးမြှင့်ထားပြီး ထောင်ကိုသွားတဲ့ လမ်းကြောတွေ အားလုံးကို ပိတ်ထားပါတယ်။ အတိုက်အခံ ပါတီကတော့ စနေနေ့ကို သူတို့ ခေါင်းဆောင်အတွက် ဆုတောင်းပွဲ နေ့အဖြစ် ကြေညာပြီး တနိုင်ငံလုံး အထွေထွေသပိတ်လုပ်ကြဖို့ပါ တိုက်တွန်းထားတာကြောင့် တနိုင်ငံလုံးမှာလည်း လုံခြုံရေး တင်းကြပ်ထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up