ယီမင်တွင် စစ်ပွဲများ ရပ်ဆိုင်းပေးရန် ကုလတောင်းဆို

ယီမင်မှာ အကြမ်းဖက်မှုတွေ အရှိန်မြင့်တက်နေချိန်မှာ ကုလသမဂ္ဂက လူသားချင်း စာနာမှုကို ထောက်ထားပြီး တိုက်ပွဲတွေ ခဏရပ်ကြဖို့ တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတွင်းက နယ်မြေ ထက်ဝက်မှာ တိုက်ပွဲတွေ လက်ရှိ ဖြစ်ပွားနေပြီး စစ်ဒဏ်ခံနေရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေကို ရေကြောင်း၊ လေကြောင်းကနေ ပို့ပေးနိုင်အောင် တိုက်ပွဲတွေကို ရပ်ပေးကြဖို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုအရာရှိ ဂျိုဟန်စ် ဗန်ဒါ ကလောင်က တိုက်တွန်းလိုက်ပါတယ်။ ဒီကြားထဲမှာတော့ အရေးပေါ် လိုအပ်နေတဲ့ ဆေးဝါးနဲ့ တခြား အထောက်အပံ့တွေကို လေယာဉ်တစင်းစာ ပို့ပေးလိုက်ပြီး ဆန်နာ နိုင်ငံတကာ လေဆိပ်ကို ဧပြီ ၁၀ ရက်နေ့က ရောက်သွားပြီလို့ ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အရာရှိက ဆိုပါတယ်။ [caption id="attachment_89178" align="aligncenter" width="558"]ဓာတ်ပုံ - အေအက်ဖ်ပီ ဓာတ်ပုံ - အေအက်ဖ်ပီ[/caption] ဆေးကုသရေး ကိရိယာတွေ ၁၆ တန်နဲ့ ရေတွေကို ထပ်ပို့ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်၊။ ယူနီဆက်ဖ်က ပို့ပေးတဲ့ အကူအညီတွေဟာ လူဦးရေ ၈ သောင်းနဲ့ ကလေး ၂၀၀၀၀ အတွက် အာဟာရတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ အဆိုအရ မတ်လ ၁၉ ရက်နေ့ကနေ ဧပြီလ ၆ ရက်နေ့အထိ တိုက်ပွဲတွေအတွင်း လူ ၆၄၃ ဦး သေဆုံးပြီး ၂၂၂၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲကြားမှာ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ အဖွဲ့တွေကို စစ်တိုက်နေတဲ့ အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သတင်းတွေလည်း ကြားရတယ်လို့ ကုလသမဂ္ဂ အရာရှိက ပြောပါတယ်။ [caption id="attachment_89177" align="aligncenter" width="650"]ဓာတ်ပုံ - Agence France-Presse ဓာတ်ပုံ - Agence France-Presse[/caption] ဒီအတောအတွင်း ယီမင်မှာ လူ ၁၂၃ သန်းလောက် စားနပ်ရိက္ခာ ပြတ်လပ်နိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up