အမေရိကန်နှင့် ကျူးဘား သမ္မတတို့ လက်ဆွဲနှုတ်ဆက်

ပနားမားနိုင်ငံမှာ ကျင်းပနေတဲ့ လက်တင် အမေရိကား နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲမှာ အမေရိကန်ပြည်ထောင်စု သမ္မတ အိုဘားမားနဲ့ ကျူးဘား သမ္မတ ရာအူးကတ်စထရိုတို့ ဧပြီ ၁၀ ရက်က အပြန်အလှန်လက်ဆွဲနှုန်ဆက်ခဲ့ပါတယ်။ တခြားဒေသဆိုင်ရာ ခေါင်းဆောင်တွေနဲ့ အတူ အိုဘားမားနဲ့ ကတ်စထရိုတို့ ၂ ဦး ခုံတွေမှာ နေရာ မယူမီ အပြန်အလှန်နှုတ်ဆက်ခဲ့ပါတယ်။ ဒီလိုလက်ဆွဲနှုတ်ဆက်တာဟာ သာမန် ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး တစုံတရာ ခြေခြေမြစ်မြစ်ပြောဆိုတာ မရှိဘူးလို့ အမေရိကန် အရာရှိတွေရဲ့ အပြောကိုကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ရေးပါတယ်။ ၂၀၁၃ ခုနှစ် နယ်လ်ဆင်မန်ဒရဲလား အမှတ်တရ အခမ်းအနားမှာလည်း ခေါင်းဆောင် ၂ ဦးအပြန် အလှန်လက်ဆွဲနှုတ်ဆက်ခဲ့ဖူးပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကျူးဘားနဲ့ အမေရိကန်တို့ ဆက်ဆံရေး ပြန်လည်ထူထောင်တဲ့ ကိစ္စကို အဖွင့်မိန့်ခွန်းမှာ ချီးကျူး ပြောဆိုပါတယ်။ သမ္မတ အိုးဘားမားကလည်း လက်တင် အမေရိကား နိုင်ငံတွေအစည်းအဝေးမှာ ကျူးဘားနိုင်ငံ ပထမဆုံး တက်ရောက်လာတဲ့အတွက်ကျေနပ်တယ်လို့ ပြောပါတယ်။ ကျူးဘားနဲ့အမေရိကန် သမ္မတတို့ သီးခြားတွေ့ဆုံဖို့ ရှိနေပေမယ့် လက်ရှိ အချိန်ထိ ဆုံးဖြတ်ချက် မချမှတ်ရသေးဘူးလို့ အိုဘားမား အကူက ပြောပါတယ်။ နှစ်ပေါင်း ၂၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျူးဘားခေါင်းဆောင်တွေက ဒီဆွေးနွေးပွဲကို တက်ရောက်လာတာ ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်ကစလို့ အမေရိကန်နဲ့ ကျူးဘားတို့ ဆက်ဆံရေး တင်းမာခဲ့ပါတယ်။ နှစ်စဉ်ကျင်းပတဲ့ ဒီထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင် ၃၄ နိုင်ငံက ခေါင်းဆာင်တွေ တက်ရောက်ပြီး ဒေသတွင်း ကိစ္စတွေ၊ စီးပွားရေး၊ လုံခြုံရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကို ဆွေးနွေးလေ့ရှိပါတယ်။ [gallery ids="89162,89163,89164,89165"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up